Monday, April 30, 2012

ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ

မူအရလည်း မှန်.ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါတယ်..ယုံကြည်ချက်အရလည်းမှန်
တယ်..ဒါပေမဲ့ လုပ်သင့်တယ်လို့ထင်လို့ ဒါတွေကို ကျောခိုင်းပြီး(သမိုင်း နောက်ကြောင်းပြန်လှည့်သွားမှာဆိုးလို့၊တိုင်းပြည်နာမှာကြောက်လို့ထင်ပါရဲ့) ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDဆုံးဖြတ်ချက်ကို ဘာပဲဖြစ်ဖြစ် မကြိုက်ပေမဲ့ မကန့်
ကွက်ဘူး...မရှိမဲ့ရှိမဲ့.ဒီခေါင်းဆောင်ပြိုသွားရင်...ဘယ်သူ့ကိုအစားထိုးမလည်း....ခေါင်းဆောင်က လုပ်သင့်တယ် ထင်လို့ လုပ်တဲ့ ကိစ္စ အားလုံးက တညီတညွတ်လိုက်ဘို့ပဲရှိတာပေါ့..တိုင်းပြည်
နာနေတာကို ခံယူချက်စတေးပြီး ကျော်ဖြတ်လိုက်ရတာအတွက်...ထိုက်သင့်တဲ့ တန်ဘိုး တစုံ
တရာတော့...ရှိလာမှာပါ...လက်ရှိအစိုးရအနေနဲ့လည်း...တဘက်က အလျှော့ပေးလိုက်တာကို
ဟုတ်ပြီကွဆို...ရောင့်တက်တဲ့လုပ်ရပ်ကိုတော့ ရှောင်ဘို့လိုလိမ့်မယ်...မြန်မာတွေဟာ...ရုပ်ရှင်
ထဲမှာတောင်...မင်းသားက..လူကြမ်းကို မတရားနှိပ်စက်လာရင်...မင်းသားကို မုန်းတဲ့ အမျိုး။
( ဒေါ်စုပြောသွားတဲ့...အလျှော့ပေးလိုက်တာဟာ..ပြည်သူဆန္ဒဆိုတဲ့စကားဟာ....နှိမ့်ပေးလိုက်
သလိုလိုနဲ့....လှံသွားထက် စူးတယ်နော်....ဒီစကားဟာ...လက်ရှိအစိုးရအတွက် အနိုင်ကျင့်
လွှမ်းမိုးဘို့ကြိုးစားလာရင်.....မိုးကြိုးသွားဖြစ်လိမ့်မယ်)....။ ဘယ်သူတွေ ဘယ်လိုပဲ ပြောလာ
ပြောလာ..ဘယ်လိုပဲ ရှုတ်ချ ရှုတ်ချ...ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ......။

4 comments:

  • DASSK says:
    April 30, 2012 at 4:09 PM

    Royal Phoenix ကြက်သီးတောင်ထတယ်..... အမေစုရဲ့ စိတ်ဓာတ်နဲ့  Maung Maung Wann ရဲ့စကားတွေက လေးစားလောက်ပါတယ်
    15 hours ago · Like · 12
    Sliv Mmc ဘယ်လိုပြေရပါ့ ။ အစကတည်းက ဒီလိုပဲ ဖြစ်သင့်တာပါ ။ ဒီဥပဒေ ဒီလိုဆိုတာသိပြီးသားပါ ။ သိပြီးဝင်ပြိုင်တယ် ။ ပြင်ချင်ရင် အထဲရောက်ရင် ပြင်လို.ရတယ်လို. ကျမ မြင်တယ် ။ အစကတည်းကလည်း လူထု သဘောထားကို သိပြီးသားဖြစ်တယ်လို. ကျမ ယူဆတယ် ။ ကဲ စာသားပြောင်းဖို. အကြောင်းပြချက်တွေနဲ. တောင်းဆိုတယ် ။ နောက်ဆုံးတော့လည်း ဒီစာသားနဲ.ပဲ ဝင်ရမှာပဲ ဖြစ်နေတယ် ။ ဒီစာသားနဲ.ဆို တုပ်ထားတယ် ဘာမှ လုပ်မရဘူးဆို ။ ခုတော့ ခေတ်စကားးနဲ.ပြောရရင် အောက်သွားတာပေါ့ ။ sound reason လဲ မဖြစ်ဘူးလို.ထင်ပါတယ် ။ ဒါပေမယ့် ကိုမောင်မောင်ဝမ်း ပြောသလိုပါပဲ ပြောင်းလဲစရာတွေ ရှိနေသေးးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အားကိုးရမှာဆိုတော့ တိုင်းပြည်အတွက် ဆုတောင်းရုံမှတပါး တခြားမရှိပြီ ။
    15 hours ago · Like · 1
    Thuriya Myo ဒီကိစ္စကြောင့် ဥပဒေရေးရာကိုလေ့လာတဲ့သူတွေ အရင်ကထက်ပိုများလာတာတွေ့ရတယ်၊ အန်အယ်လ်ဒီက လွှတ်တော်ထဲမှာ ဥပဒေတချို့ပြင်ဖို့ကြိုးစားမယ်ဆိုတဲ့အခါ ဘယ်အရာတွေကပြင်သင့်တယ်၊ ပြင်လိုက်ရင်ဘယ်လိုအကျိုးများမယ်ဆိုတာ ပိုပြီး ဇာတ်ရည်လည်လာကြပါတယ်။ ဒါဟာကောင်းတဲ့အချက်ပါ။ ပြီးတော့ တဘက်နဲ့တဘက် အပေးအယူအလျှော့အတင်းလုပ်ပြီး ဆွေးနွေးကြတဲ့အလေ့အကျင့်တွေအပေါ်မှာ ပိုပြီး သဘောထားကြီးဖို့လိုအပ်တယ်ဆိုတဲ့အသိလည်း နိုးကြားလာကြပါတယ်။ ဒါဟာလည်းကောင်းတဲ့အချက်ပါပဲ..။
    15 hours ago · Like · 7

  • DASSK says:
    April 30, 2012 at 4:10 PM

    Royal Phoenix တကယ်နော်.. ကို Maung Maung Wann ပြောသလိုပဲ မြန်မာနိုင်ငံက တကယ့်ကို ရှားရှားပါးပါးခေါင်းဆောင်းကောင်းတယောက် နော်
    15 hours ago · Like · 2
    Maung Maung Wann အခု လက်ရှိ အစိုးရကို မကြိုက်တာကတော့ဗျာ...ရွေးစရာ စကားလုံးတောင်ရှာမရဘူး...ဒါပေမဲ့...မြန်မာပြည်သူတွေ...ဒုက္ခတွေပင်လယ်ဝေနေပြီ လူတွေအများစု အငတ်ပြသနာဆိုက်နေကြပြီ....တိုင်းပြည် စီးပွားရေးမြန်မြန်တိုးတက်စေချင်လှပြီ.....နှစ်ဦးနှစ်ဘက်ပြေလည်မှ စီးပွားရေးပိတ်စို့ထားတာတွေ ပွင့်လင်းပြီး...တိုင်းပြည်စီးပွားရေးကောင်းမွန်လာမယ်...ဒါကို သိလို့ ဒေါ်စုဟာ...ရင်နာနာနဲ့ အလျှော့ပေးလိုက်တယ်လို့ ကျနော်ယုံကြည်တယ်......ဒါကို အစိုးရတင်မက...နိုင်ငံရေးတောကြောင်များက...ပြောဆိုလာမဲ့စကားတွေ လုပ်ရပ်တွေကို....အားလုံးဝိုင်းရှုတ်ချပါ....အားလုံးဝိုင်းဆန့်ကျင်ပါ........။ ( မဟောသဓါ သားတရား စီရင်ခန်း ကို သတိရပါ ).....တိုင်းပြည်က စုတ်ပြတ်နေပြီ လူတွေက ငတ်နေပြီ.....ဒါကို ကန့်လန့်လုပ်ပြီး...ခံယူချက်တွေ မာနတွေ ဘာတွေ ညာတွေနဲ့ ပြောနေတဲ့ ငတိတွေကို ကန်ထုတ်...ဒေါ်စု ကို ဆက်လက်ဝန်းရံပေးကြပါလို့ပဲ တိုက်တွန်းခြင်ပါတယ်။ ဒီလို ရေးလိုက်လို့ သမိုင်းမဲမယ်ဆို...ကျနော့် သမိုင်း ပြာနှမ်းသွားပစေ...ဂရုမစိုက်ဘူးဗျာ။
    15 hours ago · Like · 39
    Nyi Thway YES!
    15 hours ago · Like
    Sliv Mmc ကိုမောင်မောင်ဝမ်းရေ ။ ခုလို ပြေလည်သွားတာကတော့ ဝမ်းသာစရာပါ ။ ဒါပေမယ့် ကိုမောင်မောင်ဝမ်း အခုပြောသလို ရင်နာနာနဲ. အလျော့ပေးရတယ်လို. မထင်ပါ ။ နိုင်ငံရေးသမားတယောက်က အားလုံးကို တွက်ချက်ပြီးသားပါ ။ ကြိုတွက်ထားပြီးသားပါ ။ ကျမ နိုင်ငံရေးသမား မဟုတ်သလို အစိုးရလဲ မဟုတ်ပါ ။ ဒါပေမယ့် ဒီလိုပဲ မြင်မိပါကြောင်း
    15 hours ago · Like · 5
    Royal Phoenix နောက်ထပ် like ထပ်လုပ်ချင်သေးတယ်ဗျာ... လုံးဝမိုက်တယ် ( မြှောက်နေခြင်းမဟုတ်ပါ သွေးထဲထိ ရောက်သွားလို့ ပါ)*တိုင်းပြည်က စုတ်ပြတ်နေပြီ လူတွေက ငတ်နေပြီ.....ဒါကို ကန့်လန့်လုပ်ပြီး...ခံယူချက်တွေ မာနတွေ ဘာတွေ ညာတွေနဲ့ ပြောနေတဲ့ ငတိတွေကို ကန်ထုတ်...ဒေါ်စု ကို ဆက်လက်ဝန်းရံပေးကြပါလို့ပဲ တိုက်တွန်းခြင်ပါတယ်။ ဒီလို ရေးလိုက်လို့ သမိုင်းမဲမယ်ဆို...ကျနော့် သမိုင်း ပြာနှမ်းသွားပစေ...ဂရုမစိုက်ဘူးဗျာ။*
    15 hours ago · Like · 6
    Lwin Aung Soe ပြည်သူ့ဆန္ဒအတွက် အခုလို အလျှော့ပေးလိုက်ရလို့ ကျနော်တို့က စိတ်ပျက်သွားမှာ မဟုတ်ပါဘူး။ ခွန်အားနဲ့ သန္နိဌာန်မှာ ပိုပြီးတောင် အားကောင်းလာတယ်လို့ ခံစားရပါတယ်။
    15 hours ago · Like · 8

  • DASSK says:
    April 30, 2012 at 4:11 PM

    Toee Lwin ကိုမောင်မောင်ဝမ်းရေ... အန်တီနဲ့ အဖွဲ့ချူပ်ရဲ့ ဆုံးဖြတ်ချက်တိုင်း၊ လုပ်ငန်းစဉ်တိုင်းဟာ ပကတိဖြစ်စဉ်တွေနဲ့ ပကတိအမှန်တရားတွေကို(NLD၊ ပြည်သူနဲ့ အာဏာပိုင် အခြေအနေတွေ) သေချာကိုင်တွယ် စဉ်းစားပြီးမှ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာ တွေပါဘဲ။ ဒါတွေကို NLD မှာ နှစ်ကာလများစွာ လုပ်ခဲ့တဲ့သူတွေနဲ့ NLD နဲ့ ပိုမိုနီးစပ်ပြီး နားလည်မှုရှိတဲ့သူတွေက အသိဆုံးဖြစ်မှာပါ။
    15 hours ago · Like · 3
    Hla Htay Dnu comment တွေ က အဆင့် အတန်း ကို ပြ ပါတယ်..
    15 hours ago · Like
    Zaw Tinwin မဟောသဓါ သားတရား စီရင်ခန်း ကို သတိရပါ ) She must pull her son. If her son is very panful,She have to release her son. Daw Su is real our Mother.More respectful.
    14 hours ago · Like · 5
    Myat Khaung Linn နဲနဲလွဲနေတယ်ထင်တယ်......အစကတည်းက ဒီလိုပဲ ဖြစ်ရမှာပဲလေ....
    14 hours ago · Like
    Ko Ba မဆလ ခေတ်မှာ ဥက္ကဌ ကြီး စီမံကိန်းတွေ အားလုံးကောင်းပါတယ် .... အားလုံးအောင်မြင်ပါတယ် ...ဆိုသလို ...ဆရာဝမ်းရေ မိတ်ဆွေ တယောက်ဆီက ဖတ်မိတာလေဗျာ ...

    "နောက်ဆုံးမှာ နားလည်လိုက်တာကတော့ NLD လွှတ်တော် တက်ရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ လွှတ်တော် မတက်ဘူး ဆိုရင်လည်း အကြောင်းပြချက် မရမက ရှာပြီး ထောက်ခံကြမယ်။ ကိုယ်ပိုင် ယုံကြည်ချက် ခံယူချက် ဆိုတာ ရေရေ ရာရာ မရှိဘူး။ NLD လုပ်သမျှ အကုန်အကောင်း။ စေတနာနဲ့ လုပ်တာ မှားရင် မှားပါစေ ဆိုတဲ့ ပုံစံမျိုး။ စေတနာနဲ့ လုပ်တာပေမယ့် မှားရင် တစ်နိုင်ငံလုံး မြောင်းထဲ ရောက်သွားမယ် ဆိုတာ မစဉ်းစားမိကြဘူးလား။ ကိုယ်တွင် မက ကိုယ့်မျိုးဆက်ပါ ဒုက္ခရောက်သွား နိုင်တယ် ဆိုတာ ထည့်မစဉ်းစား ကြဘူးလား။ မှားနေတယ် ထင်ရင် ထောက်ပြဖို့ မကြိုးစားရဲ ကြဘူးလား။ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်ကို ထုတ်မပြောရဲကြဘူးလား။ မြည်းတွေလို ရှေ့ဆုံးက မြည်းက ချောက်ထဲ ဆင်းရင် နောက်က တသီတတန်းကြီး လိုက်ဆင်းကြမှာလား။"
    14 hours ago · Like · 1
    Ko Ba အမှန်တကယ် ... ကျနော်တို့ နိုင်ငံမှာ စစ်၃ စစ် ကို အခြေပြုထားတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေချင်တယ်ဆိုရင်
    အမှန်တကယ် ... ကျနော်တို့ နိုင်ငံ မှ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်နဲ့  ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေချင်တယ်ဆိုရင်
    အမှန်တကယ် ... ကျနော်တို့ နိုင်ငံ နှင့် မှီတင်းနေထိုင်တဲ့ ပြည်သူတွေ အားလုံး စစ်မှန်တဲ့ ပြောင်းလဲမှုနဲ့  တိုးတတ် မှုတွေ ကို မြင်တွေ့ ခံစား စေလို တဲ့  စေတနာမှန် ရှိတယ် ဆိုကြရင် ....

    ကိုယ်ထီးတင်တဲ့ ဘုရား မှာ လဒနားမှာစိုးကြောက်တတ်တဲ့ အကျင့် ကို ဖျောက်လို့  ....
    ကိုယ်ထီးတင်တဲ့ ဘုရား မှာ လဒ နားရင် .... လဒနားကြောင်း .... ဖွတ်တက်ရင်ဖွတ်ကြောင်း ..... ဒေါင်းစံ ရင် ဒေါင်းစံ ကြောင်း .... ရေးခွင့်ပြောခွင် ရနေသူတွေ ..... ရေးနိုင်ပြောနိုင်သူတွေ က subjective point of views တွေ မပါပဲ ပြောရဲ ... ရေးရဲ တဲ့ သတ္တိတွေ လို နေပါပြီ။
    13 hours ago · Like · 1
    Tun Aungko ဒီလို လုပ်လိုက်တော့ လည်း တဖက်ရဲ့ အသံ တွေကို ပြန်ကြား ရတာပေါ. ။ ဒါပေမဲ့ NLD တင်တဲ့ အကြောင်းအရာ တိုင်းကို သူ.ဖက် ကိုယ့်ဖက် ဆိုပြီး ဖက်နှစ်ဖက် ကိုသာစဥ်းစား ၊ တိုင်းပြည်အတွက် ဆိုတာကို မစဉ်းစားပဲ အမြဲတန်းပဲ လိုက်ပြီး ကန်.ကွက်နေ ရင်တော့ ၊ ဘာမှ စဉ်းစား မနေနဲ. အမေစု ရေ အပြင် ကိုသာထွက်လာပြီး လူထုအား နဲ. မြို.သိမ်း တိုက်ပွဲ ဆင်နွဲ ကြတာပေါ့ ဗျာ--။ အပြောင်းအလဲ ဆိုတာကြီး ကို သေမလောက် ကြောက်ပြီး ၊ စည်းစိမ်ချမ်းသာမှု တွေ မတည်မငြိမ် ပျက်ယွင်းသွားမှာကို စိုးရိမ်စိတ်တွေ နဲ. လွှတ်တော်ထဲ ရောက်နေတဲ့ ကြံ့ဖွတ် အမတ်မင်း အများစု ရဲ. တုန်.ပြန်မှု ကိုတော့ စောင့်ကြည့် ကြသေးတာပေါ့ ဗျာ --။
    13 hours ago · Like · 1
    Myo Chit ပြည်သူ တွေ မျက်နှာညိုးနေတာ စိတ်မပျော်တာ ကို ကြာကြာ မကြည့်ရက်တဲ့ အမေရယ် ။
    13 hours ago · Like · 1

  • DASSK says:
    April 30, 2012 at 4:11 PM

    Chan Nyein Moe ကိုဘ ဒီနေ့ လို စိတ်ရှူပ်ထွေး ဆန္ဓတွေ မျိုချ ရှေ့ အတွက် အားယူ အားပေးရမယ့် အချိန်မှာ မထောက်ခံလို့  ရပါတယ်၊ မထိုးချပါနဲ့  ၊ အားလုံးဟာ နိုင်ငံအတွက်ရယ်ပဲလို့ ပဲ စဉ်းစားနေတာပါ ၊ ကျနော်တို့  သေခါနီးမှာ မြန်မာပြည်ဟာ တောက်ပနေတာကို ကြည့်ရင်းက ပိတိစားရုံ သက်သက်ပါ ။
    13 hours ago via Mobile · Like
    Maung Maung Wann ဒီကိစ္စဟာ..အမှားကိုမြင်လို့ အမှန်ကိုပြင်တာမဟုတ်ဘူးဗျ...အမှန်ကို အလျှော့ပေးလိုက်တာ...( မူလ ဆုံးဖြတ်ချက်ဟာလုံးဝမမှားဘူးလို့ကျနော်မြင်တယ် ) ကျနော် ပြောခဲ့သလိုပဲ..တိုင်းပြည်နာမှာ ကြောက်လို့...နောက်ကြောင်းပြန်လှည့်သွားမှာဆိုးလို့ ဒီလိုမြင်ပါတယ်....အခုကာလဟာ..ဒီမိုကရေစီ ရင့်သန်ပြီး...မှန်ကန်တဲ့ ဥပဒေတွေနဲ့...လွတ်လပ်တဲ့ လွှတ်တော်ကြီးကို ဆောင်ရွက်နေတဲ့ အချိန်မဟုတ်....စနစ်တခုကို ပြောင်းယူဘို့..တိုက်ပွဲဝင်နေတဲ့ကာလလို့ မြင်ပါတယ်...အခုချိန်မှာတဘက် အကြိုက် လေလယ် မပြခြင်ဘူး....တကယ်လို့ NLD ဟာ အာဏာရ လမ်းကြောင်းပေါ်ကို လုံးလုံးရောက်သွားပြီဆိုရင်တော့.....ပြောစရာရှိတာတွေကို မချွှင်းမချန် ပြောမယ်ဆိုတာ....ကတိပေးရဲတယ်ဗျာ.......။ မုန်းမှာ ကြောက်လို့ မရေးတာတော့ မဟုတ်ဘူးဗျ.....တော်လှန်ရေးမှာ ( တပ်ဦး ကျိုးရင် ) ဘယ်လို ဆက်ကြမလဲ.....ဘယ်သူတွေ ဆက်နိုင်သလဲ....



    2 seconds ago · Like

    Write a comment...
    13 hours ago · Like · 9
    Maung Maung Wann ကျနော်တို့ ဗုဒ္ဓဘာသာမှာ သစ္စာလေးပါးကလွဲရင်...ကျန်တာတွေမှာ..အစွန်းမလွတ်ပြသနာတွေရှိတယ်...သူ့ရှုဒေါင့် ကိုယ့်ရှုဒေါင့် အမှန်တရားတွေရှိတယ်....( ကိုယ့်ဘက်က ကြည့်ရင် သူရဲကောင်းဖြစ်ပေမဲ့..သူ့ဘက်က ကြည့်ရင် သစ္စာဖောက်မြင်တာတွေ ရှိတယ် )..ဒီကိစ္စမှာ အလျှော့ပေးတာ အလျှော့ပေးတာ တပိုင်း....မှန်တာက မှန်တာ တပိုင်းပဲ....သေချာတာကတော့.....အမှားမဟုတ်ဘူး...။ အမေရိကန် သမ္မတ အိုဘားမားက...ဘင်လာဒင်ကို သွားချေမှုန်းမဲ့ တပ်ဖွဲ့ဝင်တွေကို...အမှာစကားပြောရာမှာ.....ကိုယ့်ကို ဆန့်ကျင်နေသူတွေမှာ အမြဲတန်း ထောင်ချောက်တွေရှိတတ်တယ်တဲ့......။ အခု ကျမ်းကျိန် စာသားပြောင်းလည်းပေးရေး ကိစ္စအတွက်...NLD လွှတ်တော် တက်ဘို့ ဆိုင်းငံ့နေမှု့ ပြသနာဟာ....အမှား မဟုတ်ဘူးဆိုတာ...ကျနော်ကတော့ အကြွင်းမဲ့ ယုံထားတဲ့ အတွက် ဘာမှလည်း ထောက်စရာ ဝေဖန်စရာမလိုပါ...။ ဥပဒေ ကြောင်းအရရော နိုင်ငံတကာ အခင်းအကျင်းအရရော..အထောက်အထားတွေနဲ့ ပြောနိုင်ပါတယ်။
    13 hours ago · Like · 6
    Rosy Khine Ko Wann, I agree with you. We must be standing stablely under our onlyone leader Daw Suu. I like your talking very much.
    12 hours ago · Like · 1
    Heinsoe Aung အမေ့ကိုချစ်တယ်ဆို ယုံတယ်ဆို အမေသွားရဲရင် ဘာလို့ မလိုက်ရဲရမှာလဲ....အကိုပြောတာမှန်တယ်....တစ်တိုင်းပြည်လုံးအမေ့နောက်က မချွင်းမချန် ပါရတော့မယ်.....လုံးဝစစ်မှန်တဲ့ဒီမိုကရေစီကို လူတိုင်းလူတိုင်းတောင်းဆိုရမယ်....ကြောက်နေလို့ မရ၀ူး...
    12 hours ago · Like · 1
    Kyi Lwin ကိုယ် က ခေါင်းဆောင်ကောင်းကိုယုံကြည်တယ်ဆိုရင် မျက်ကန်းယုံတယ် မဟုတ်ပေမယ့် သူ့လုပ်ရပ်က ဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်တဲ့အထိတော့ယုံကြည်ကြရမယ်ထင်တယ်။ ကိုယ်က သူ့လောက် အနစ်နာမခ့နိုင်ဘူး မခံဖူးဘူး။ သူ့လောက် အစွမ်းအစမရှိတာ လည်းအမှန် ။ ဒီတော့ သူ့ကိုယုံကြည်ပြီး နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားဖို့အဓိက လို့ဆိုချင်တယ်။ သူဘာလုပ်သင့်တယ် ဘာလုပ်ရမယ်ဆျုတာကို ကျွန်မတို့ထက်ပိုမြင် တဲ့သူပါ။
    12 hours ago · Like · 1
    Khin Aye Myat သားတရားစီရင်ခန်း၊ဥပမာပေးကောင်းလှပါတယ်၊အန်တီကအကောင်းဆုံးကိုစဉ်းစားပြီးဆုံးဖြတ်တာလို့ယုံကြည်ပါတယ်၊
    9 hours ago · Like
    Mgbohtun Nld ဘယ်သူပြောနိုင်မှာလဲ...မြင်ရင်ချက်ချင်းသိသာနေတာကို..ငြင်းမနေနဲ့.....ပြည်သူ့မျက်နှာကြည့်ရမယ်လေ...သူသွားရာလိုက်ကြမယ်မဟုတ်လား။
    9 hours ago · Like
    Sein Sein Nwe That's right
    8 hours ago via Mobile · Like
    Maung Aung Hein ကြံဖွတ် ဘီလူးမျက်နှာဖုံးကို ဆွဲခွါခြင်းအဆင့်လို့သတ်မှတ်ပါတယ်။
    8 hours ago via Mobile · Like
    Hashimoto Tora မှန်၏။ အဟိ။

Post a Comment