Tuesday, May 1, 2012

၁ မေ ၂၀၁၂

 
- ကုလ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ်နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်​တွေ့ဆုံ (ဓာတ်ပုံ) click
- အန်အယ်လ်ဒီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ပါလီမန်တက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ကိုမိုးသီးဇွန်ရဲ့အမြင် click
- ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဘန်ကီမွန်း ချီးကျူး click
- နှစ် ၃၀ အတွင်း မြန်မာသန်းခေါင်စာရင်း ကုလ အကူအညီဖြင့် ကောက်မည် click
- လွှတ်တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည် click
- NLD ပါတီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချ click
- လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို click
- NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို click
- NLD ဆုံးဖြတ်ချက် လွှတ်တော်ထဲရောက် ကျားဖြူအမတ် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူအရာရှိ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click

Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

by Dhamma Ganga on Sunday, 14 November 2010 at 00:28 ·
ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

(Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထူးခြားထင်ရှားပြီး လူထုချစ်သော မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် ဘာသာပြန်ကာ မိတ်ဆက်ဖော်ပြလိုက်ပါသည်။
ဓမ္မဂင်္ဂါ)


အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

Read more »

အောင်ဆန်းစုကြည်(သို့မဟုတ်) ဗုဒ္ဓဘာသာသူရဲကောင်း

by Dhamma Ganga on Wednesday, 17 November 2010 at 13:02 ·
အရှေ့တောင် အာရှထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အောင်ဆန်းစုကြည်သည် ဘာသာရေးနှင့်   နိုင်ငံရေးတန်ဖိုးကြားဝယ် ဆုံမှတ်တစ်ခုအဖြစ် တိုက်ပွဲဝင်နေသည့်ပြယုဂ်တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ် တွင် မြန်မာ့အမျိုးသား သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် အောင်ဆန်း စုကြည်မွေး ဖွားခဲ့ သည်၊ ဗိုလ်ချုပ် အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကာလတွင် မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုကြီး ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်အုပ်စိုးမှုမှ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့မည် အချိန်နီးကပ်လာချိန်တွင် လုပ်ကြံခံခဲ့ ရသူဖြစ်သည်။


ဒီမိုကရေစီအထိမ်းအမှတ်သင်္ကေတ

အောင်ဆန်းစုကြည်သည် ရန်ကုန်၊ဒေလီနှင့် အောက်စဖို့ဒ်တို့တွင် ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တွင် မိသားစုဘ၀ကို ထူထောင်ရန် အခြေချခဲ့သည်။ အင်္ဂလိပ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှအရေးများနှင့် ခပ်ဝေးဝေးအင်္ဂလန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့စဉ် သူမ၏ မိခင်နာမကျန်းဖြစ်၍ မိခင်ကြီးအား ပြုစုရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်အတောအတွင်း အစိုးရက ရွေးကောက်ပွဲကျင်းပပေးမည် ဟု ကြေငြာခဲ့ရာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်းကြီး၏ သမီးအနေဖြင့် သဘာဝအားဖြင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုရေစီးထဲ ပါခဲ့ရတော့သည်။ နောက်ဆုံးတော့ သူမသည် ထိုဒီမိုကရေစီလှုပ်ရှားမှုကြီး၏ သင်္ကေတဖြစ်ခဲ့လေတော့သည်။

နေအိမ်အထိန်းသိမ်းခံဘ၀ရောက်နေသည့်ကြားမှပင် သူမ၏ လှုပ်ရှားမှုက ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပ သည့် ရွေးကောက်ပွဲကို ကြီးကျယ်စွာ အနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရ က ရွေးကောက် ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ဘဲ ခေါင်းဆောင်များကို အကျဉ်းချပါလေသည်။ အောင်ဆန်းစုကြည်ကိုမူ ၁၉၉၀ ခုနှစ်ကတည်းက နေအိမ်တွင် ထိန်းသိမ်းအကျဉ်းချထားခဲ့သည်။
မည်သို့ဖြစ်စေ သူမကတော့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြောဆိုခဲ့သည်သာဖြစ်သည်။

Read more »

“မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့”

မိခင်၏နှောင်ကြိုးတို့ ကို ဖြေပါအံ့
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံးလ၀ိရိယဖြင့်
နာလန်ထူပါစေအံ့...

မွေးကျေးဇူးကိုမသိတက်သော
ထိုသူတို့ အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးးကိုပေးပါလေ...

တွေ့ ရအံ့သောဘေးရန်တို့ ကို
သမီး ထီမည်မဟုတ်...

တဘ၀တွင်
တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား...

သမီး၏စိတ်ကူးတို့ သည်
အကယ်အဖြစ်သို့ 
ရောက်သောအချိန်တွင်
အသင်တို့ သည်လည်း
ပျော်မြူးကြရမည်...

အခြားအခြားသောသူတို့ ၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ ကို
သမီးအလျဉ်းဂရုမပြု...

မိခင်ထံမှ “ဒါမှငါ့သမီး” ဟူသော
ကျူးရင်သံကိုသာ တောင်းတပါ၏...

လောကတွင်မိခင်၏ကျေးဇူးကို
အသိတက်ဆုံးသမီးဖြစ်ရပါလို၏။

အောင်ဆန်းစုကြည်

Read more »