Tuesday, May 1, 2012

၁ မေ ၂၀၁၂

 
- ကုလ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ချုပ်နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်​တွေ့ဆုံ (ဓာတ်ပုံ) click
- အန်အယ်လ်ဒီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် ပါလီမန်တက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ကိုမိုးသီးဇွန်ရဲ့အမြင် click
- ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဘန်ကီမွန်း ချီးကျူး click
- နှစ် ၃၀ အတွင်း မြန်မာသန်းခေါင်စာရင်း ကုလ အကူအညီဖြင့် ကောက်မည် click
- လွှတ်တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တက်မည် click
- NLD ပါတီ လွှတ်တော်တက်ရန် ဆုံးဖြတ်ချက်ချ click
- လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် နိုင်ငံတကာ ကြိုဆို click
- NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို click
- NLD ဆုံးဖြတ်ချက် လွှတ်တော်ထဲရောက် ကျားဖြူအမတ် ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အီးယူအရာရှိ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ) click

Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

by Dhamma Ganga on Sunday, 14 November 2010 at 00:28 ·
ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

(Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထူးခြားထင်ရှားပြီး လူထုချစ်သော မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် ဘာသာပြန်ကာ မိတ်ဆက်ဖော်ပြလိုက်ပါသည်။
ဓမ္မဂင်္ဂါ)


အလန်ကလီးမင့်ထ်စ် “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

Read more »

အောင်ဆန်းစုကြည်(သို့မဟုတ်) ဗုဒ္ဓဘာသာသူရဲကောင်း

by Dhamma Ganga on Wednesday, 17 November 2010 at 13:02 ·
အရှေ့တောင် အာရှထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အောင်ဆန်းစုကြည်သည် ဘာသာရေးနှင့်   နိုင်ငံရေးတန်ဖိုးကြားဝယ် ဆုံမှတ်တစ်ခုအဖြစ် တိုက်ပွဲဝင်နေသည့်ပြယုဂ်တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ် တွင် မြန်မာ့အမျိုးသား သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် အောင်ဆန်း စုကြည်မွေး ဖွားခဲ့ သည်၊ ဗိုလ်ချုပ် အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကာလတွင် မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုကြီး ၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်အုပ်စိုးမှုမှ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့မည် အချိန်နီးကပ်လာချိန်တွင် လုပ်ကြံခံခဲ့ ရသူဖြစ်သည်။


ဒီမိုကရေစီအထိမ်းအမှတ်သင်္ကေတ

အောင်ဆန်းစုကြည်သည် ရန်ကုန်၊ဒေလီနှင့် အောက်စဖို့ဒ်တို့တွင် ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တွင် မိသားစုဘ၀ကို ထူထောင်ရန် အခြေချခဲ့သည်။ အင်္ဂလိပ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှအရေးများနှင့် ခပ်ဝေးဝေးအင်္ဂလန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့စဉ် သူမ၏ မိခင်နာမကျန်းဖြစ်၍ မိခင်ကြီးအား ပြုစုရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်အတောအတွင်း အစိုးရက ရွေးကောက်ပွဲကျင်းပပေးမည် ဟု ကြေငြာခဲ့ရာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်းကြီး၏ သမီးအနေဖြင့် သဘာဝအားဖြင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုရေစီးထဲ ပါခဲ့ရတော့သည်။ နောက်ဆုံးတော့ သူမသည် ထိုဒီမိုကရေစီလှုပ်ရှားမှုကြီး၏ သင်္ကေတဖြစ်ခဲ့လေတော့သည်။

နေအိမ်အထိန်းသိမ်းခံဘ၀ရောက်နေသည့်ကြားမှပင် သူမ၏ လှုပ်ရှားမှုက ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပ သည့် ရွေးကောက်ပွဲကို ကြီးကျယ်စွာ အနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရ က ရွေးကောက် ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ဘဲ ခေါင်းဆောင်များကို အကျဉ်းချပါလေသည်။ အောင်ဆန်းစုကြည်ကိုမူ ၁၉၉၀ ခုနှစ်ကတည်းက နေအိမ်တွင် ထိန်းသိမ်းအကျဉ်းချထားခဲ့သည်။
မည်သို့ဖြစ်စေ သူမကတော့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြောဆိုခဲ့သည်သာဖြစ်သည်။

Read more »

“မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့”

မိခင်၏နှောင်ကြိုးတို့ ကို ဖြေပါအံ့
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏လုံးလ၀ိရိယဖြင့်
နာလန်ထူပါစေအံ့...

မွေးကျေးဇူးကိုမသိတက်သော
ထိုသူတို့ အား
သိနားလည်အောင်
ဆွဲဆောင်နိုင်စွမ်းကို
သမီးးကိုပေးပါလေ...

တွေ့ ရအံ့သောဘေးရန်တို့ ကို
သမီး ထီမည်မဟုတ်...

တဘ၀တွင်
တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား...

သမီး၏စိတ်ကူးတို့ သည်
အကယ်အဖြစ်သို့ 
ရောက်သောအချိန်တွင်
အသင်တို့ သည်လည်း
ပျော်မြူးကြရမည်...

အခြားအခြားသောသူတို့ ၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ ကို
သမီးအလျဉ်းဂရုမပြု...

မိခင်ထံမှ “ဒါမှငါ့သမီး” ဟူသော
ကျူးရင်သံကိုသာ တောင်းတပါ၏...

လောကတွင်မိခင်၏ကျေးဇူးကို
အသိတက်ဆုံးသမီးဖြစ်ရပါလို၏။

အောင်ဆန်းစုကြည်

Read more »

Monday, April 30, 2012

၃၀ ဧပြီ ၂၀၁၁

- ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကျမ်းကျိန် လွှတ်တော်တက်ဖို့ ဆုံးဖြတ် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်မည် click
- နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည် click
- လွှတ်တော်တက်ရောက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား (ရုပ်သံ) click
- မေ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပမည် click
- NLD ကျမ်းကျိန်မည့်နေ့ လွှတ်တော်တက်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား click
  အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက်ရန် ဆုံးဖြတ် click
- ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအမတ်များ မေလတွင် လွှတ်တော်တက်မည် click
- NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း click
- ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ click
- ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလဲဖို့ တောင်းဆိုမှုအပေါ် ဝေဖန်သံ (တနင်္ဂနွေ ဆွေးနွေးပွဲ) click

Read more »

Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်


မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
တူမောင်ညို။ မေ၁ ၊ ၂၀၁၂
(NLD) ပါတီက ရှေ့နေပညာရှင်ဦးဉာဏ်ဝင်း မကြာခင်က ပြောခဲ့တဲ့စကားနဲ့ စတင်ပါရစေ။
 “ကျနော်တို့ လွှတ်တော်ထဲကိုအရင်ဝင်၊ ဝင်ပြီးတော့ မှပြင်လို့ မြင်တဲ့သူတွေကို ဘာမှဝေဖန်စရာသုံး သပ်စရာ မရှိဘူး၊ ဒါက ကျနော်တို့ အမြင်တွေက ကိုယ့်အမြင်နဲ့ကိုယ်ရှိကြမှာပဲ၊ ဒါပေမယ်လို့ ကျနော်တို့နားလည်တာက အဲဒီလိုဝင်လိုက်ရင် ကျနော်တို့ရဲ့ မူရင်း ဖြစ်တဲ့စည်းကမ်း Principal ကို ထိခိုက် တယ် လို့ထင်ပါတယ်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ကို ပြင် ဆင်ပေးဖို့ ကျနော်တို့ တင်ပြ ကတည်းက ဒီစည်းကမ်းဟာ ကျနော်တို့ရဲ့စည်းကမ်းပါ။ အဲဒီတော့ကိုယ့်စည်းကမ်းကိုယ် ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့တတ်နိုင်သ မျှ ပြေလည်ဖို့ နည်းလမ်းတွေရှာပြီးတော့ အကြံပြုချက်တွေပေးနေတာပါ”
တကယ်တော့တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စားပြုတယ်၊ ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင် ဘာတွေလုပ်နေတယ်၊ ဘယ် လိုလုပ်မယ်ဆိုတာ လေးလေးစားစား ရှင်းပြဖို့လိုအပ်ပါတယ်။
ခေါင်းဆောင်ဟာ လမ်းခရီးမှာ ကိုယ်ပိုင်ကားမောင်းသူလို ကိုယ်ပြောင်းချင်တဲ့ဂီယာပြောင်းပြီး၊ ကိုယ်ကွေ့ချင်သလိုကွေ့တာ မျိုးမဖြစ်သင့်ပါဘူး။ ခရီးသည်တင်ဘတ်စ်ကားမောင်းသူလို ကားပေါ်ပါလာတဲ့ ပါစင်ဂျာတွေရဲ့ အသက်တွေကိုအလေးထားရပါမယ်။  အချိုး၊အကွေ့၊အတက်၊အဆင်းဆိုတဲ့ ဦးတည်သွားနေတဲ့ ခရီးလမ်းအခြေအနေအပေါ်မူတည်ပြီး ကိုယ့်ဂီယာကိုစနစ်တကျ ပြောင်းလဲ သင့်တာပါ။
          ထို့အတူနိုင်ငံရေးပါတီတစ်ခုဟာလည်း တစ်ဦးတစ်ယောက်ရဲ့ အာဏာပိုင်အဖွဲ့အစည်းဘဝ ကျရောက်မသွားစေသင့်ပါဘူး။
 အဲဒီလိုကျရောက်မသွားရအောင်လည်း အဲဒီနိုင်ငံရေးပါတီအဖွဲ့အစည်းထဲ (အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲက)မှာ မှန်ကန်တဲ့ ဝေဖန်ဝန်းရံမှုတွေရှိဖို့လိုပါတယ်။ အခုအခြေအနေက ထိပ်ဆုံးခေါင်းဆောင်ပြောသမျှကို ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲပါတဲ့ သူတွေ ကိုယ်တိုင်က မပယ်ရှားဝံ့ဘဲ၊ “ဗောင်းတော်ငြိတ် စိတ်တော်သိ” ဆိုသလို ဆိုးဆိုးကောင်းကောင်း လိုက်နာလုပ်ဆောင်နေကြတဲ့ သဘော တွေ့မြင်နေရပါတယ်။
           “ (NLD) လွှတ်တော်ထဲဝင်ရောက်ဖို့အတားအဆီးဖြစ်နေရတဲ့အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက် အဖြစ် သတ်မှတ်ချင်ပါတယ်။ နိုင်ငံရေးကိစ္စအနေနဲ့ မချဲ့ကားစေချင်ပါဘူး”လို့ပြောပါတယ်။  (၂၆ဧပြီ – EMG – သတင်း)
          နိုင်ငံရေးကိစ္စအနေနဲ့ ချဲ့ကားချင်တာ၊ မချဲ့ကားချင်တာဟာ မိမိစိတ်ဆန္ဒနဲ့သာ ဆိုင်ပြီးလက်တွေဖြစ်နေတဲ့ကိစ္စကို လက်တွေ့ ဖြစ်ပေါ်နေတဲ့ အတိုင်းသာကိုင်တွယ်ဆောင်ရွက်ရမှာပါ။         နည်းစနစ်ပိုင်းမှားယွင်းမှု သက်သက်အဖြစ်သတ်မှတ်ချင်ပါတယ်ဆိုဦး၊ နည်းစနစ်ပိုင်း မှားယွင်းမှုကို ဘယ်လိုညှိနှိုင်းပြုပြင်ကြမလဲ ဆိုတာ (NLD)ထိပ်ပိုင်းခေါင်းဆောင်တွေ ဝိုင်းဝန်းဆွေးနွေးကြရမယ့်ကိစ္စဖြစ်ပြီး ဆွေးနွေးရရှိလာတဲ့ရလဒ်အတိုင်း ဆောင်ရွက်ရမှာပဲ မဟုတ်ပါလား။
          “ဇယား ၄ ”ကိစ္စမှာ ကျနော်ရရှိလိုက်တဲ့အချက်ကတော့ (NLD) ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်မယ် ဆိုပေမယ့် စနစ်တကျစုစည်းလေ့လာထားမှုမရှိဘူး။  လေ့လာထားမှုမရှိဘဲ  အရေးဆိုတယ်။
          ပါတီရဲ့ပညာရှင်ရှေ့နေကတော့ သူ့အမြင်ကို ဥပဒေရှုဒေါင့်ကနေ အခုလိုလေ့လာဖေါ်ထုတ်ပြောကြားခဲ့ပါသေးတယ်။
“ကျနော်တို့ရဲ့ဥပဒေအမြင်တွေကိုတင်ထားပါတယ်။ ဒီနေ့အထိတော့ လက်ခံခြင်းရှိ/မရှိ ကျနော်တို့ မသိရသေးပါဘူး၊ ဥပဒေ တွေရော လုပ်ထုံးလုပ်နည်းတွေရော နောက်ဆက်တွဲ ဇယားတွေရော အကုန်လုံးဟာ လိုက်လျောညီထွေရှိရမယ်။ consistent ဖြစ်ရ မယ်။ inconsistent ဖြစ်တာက ဥပဒေမဟုတ်ဘူး၊ consistent ဖြစ်အောင်ကိုလုပ်ရမယ်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင် ဆင်ချက်ထွက်လိုက်ပြီဆိုရင် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးလုပ်ဖို့က ဥပဒေရဲ့မူပဲ ကျနော်တို့ ဒါကို ကိုင်စွဲနေတာပါ”
 ပါတီရဲ့ပညာရှင်ရှေ့နေဟာ ပါတီဆုံးဖြတ်ချက်အတိုင်းစာရေးပြီး သက်ဆိုင်ရာနေရာတွေကို အကြံပြုပါတယ်။ နေပြည်တော် သွားဆိုသွားပါတယ်။ ခုံရုံးကဖိတ်တော့လည်းသွားပါတယ်။ ဟိုကလက်ချာရိုက်တာကိုနားထောင်ပါတယ်။ သူ့အမြင်သဘောထားကို ခုံရုံး မှာ ထုတ်မပြောခဲ့ပါဘူး။သူ့ပညာနဲ့သူ့မာနကိုအသာထားခဲ့ပုံပေါ်ပါတယ်။သူ့ဘက်ကတာဝန်ကျေပါတယ်။
သတင်းစာရှင်းလင်းပွဲကျမှသာအမြင် မတူတာတွေကို  အခုလိုရင်ဖွင့်ပါတယ်။
“— ကျွန်တော် ရှေ့နေ ပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
          ရှေ့နေပညာရှင်ရဲ့ လေ့လာတင်ပြချက်တွေဟာ သူ့စကားအတိုင်းပြောရရင် consistence ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပါတီ ခေါင်းဆောင်က ဂငယ်ကွေ့ ကွေ့ချလိုက်တာကတော့ သူ့ဥပဒေပညာရှင်အတွက် မျက်နှာပူစရာဖြစ်ပါတယ်။
          တိုင်းကျော်ပြည်ကျော်နိုင်ငံရေးပါတီကြီးဟာ မိုးလားကဲလားတွေ ပြောထားပြီး နှစ်ရက်တစ်ပိုင်းအတွင်းမှာ “ပြည်သူများ၏ ဆန္ဒ အရ” ဆိုတဲ့ စကားလုံးလှလှသုံးပြီး ကိုယ့်စည်းကမ်း၊ ကိုယ့်(Principle) ကိုယ်ဖောက်ပြလိုက်တဲ့ဖြစ်ရပ်ကို ပြည်သူလူထုကိုယ်စား ကျနော် မှတ်မှတ်သားသား မှတ်တမ်းတင်ပါရစေ။  
          “မူမဲ့တဲ့ နိုင်ငံရေး” ဆိုတာ မဟတ္တမဂန္ဒီကြီး ရဲ့ “ဆိုးရွားသောဒုစရိုက် ၇ ပါး” အနက် တစ်ပါး အပါအဝင်ဖြစ်ပါတယ်။
ညွန်း
-       (သတင်းထောက် အံ့ဘုန်းမြတ်နှင့် ဦးဉာဏ်ဝင်း အင်တာဗျူး- ဒီဗွီဘီ – တီဗွီသတင်း ၂၇ ဧပြီ)
-      (၂၆ဧပြီ – EMG – သတင်း)
-      Mahatma  Gandhi’s Seven Deadly Sins

Read more »

ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ

မူအရလည်း မှန်.ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါတယ်..ယုံကြည်ချက်အရလည်းမှန်
တယ်..ဒါပေမဲ့ လုပ်သင့်တယ်လို့ထင်လို့ ဒါတွေကို ကျောခိုင်းပြီး(သမိုင်း နောက်ကြောင်းပြန်လှည့်သွားမှာဆိုးလို့၊တိုင်းပြည်နာမှာကြောက်လို့ထင်ပါရဲ့) ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDဆုံးဖြတ်ချက်ကို ဘာပဲဖြစ်ဖြစ် မကြိုက်ပေမဲ့ မကန့်
ကွက်ဘူး...မရှိမဲ့ရှိမဲ့.ဒီခေါင်းဆောင်ပြိုသွားရင်...ဘယ်သူ့ကိုအစားထိုးမလည်း....ခေါင်းဆောင်က လုပ်သင့်တယ် ထင်လို့ လုပ်တဲ့ ကိစ္စ အားလုံးက တညီတညွတ်လိုက်ဘို့ပဲရှိတာပေါ့..တိုင်းပြည်
နာနေတာကို ခံယူချက်စတေးပြီး ကျော်ဖြတ်လိုက်ရတာအတွက်...ထိုက်သင့်တဲ့ တန်ဘိုး တစုံ
တရာတော့...ရှိလာမှာပါ...လက်ရှိအစိုးရအနေနဲ့လည်း...တဘက်က အလျှော့ပေးလိုက်တာကို
ဟုတ်ပြီကွဆို...ရောင့်တက်တဲ့လုပ်ရပ်ကိုတော့ ရှောင်ဘို့လိုလိမ့်မယ်...မြန်မာတွေဟာ...ရုပ်ရှင်
ထဲမှာတောင်...မင်းသားက..လူကြမ်းကို မတရားနှိပ်စက်လာရင်...မင်းသားကို မုန်းတဲ့ အမျိုး။
( ဒေါ်စုပြောသွားတဲ့...အလျှော့ပေးလိုက်တာဟာ..ပြည်သူဆန္ဒဆိုတဲ့စကားဟာ....နှိမ့်ပေးလိုက်
သလိုလိုနဲ့....လှံသွားထက် စူးတယ်နော်....ဒီစကားဟာ...လက်ရှိအစိုးရအတွက် အနိုင်ကျင့်
လွှမ်းမိုးဘို့ကြိုးစားလာရင်.....မိုးကြိုးသွားဖြစ်လိမ့်မယ်)....။ ဘယ်သူတွေ ဘယ်လိုပဲ ပြောလာ
ပြောလာ..ဘယ်လိုပဲ ရှုတ်ချ ရှုတ်ချ...ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ......။

Read more »