Monday, April 30, 2012

၃၀ ဧပြီ ၂၀၁၁

- ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကျမ်းကျိန် လွှတ်တော်တက်ဖို့ ဆုံးဖြတ် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်မည် click
- နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည် click
- လွှတ်တော်တက်ရောက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား (ရုပ်သံ) click
- မေ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပမည် click
- NLD ကျမ်းကျိန်မည့်နေ့ လွှတ်တော်တက်ရန် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား click
  အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက်ရန် ဆုံးဖြတ် click
- ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအမတ်များ မေလတွင် လွှတ်တော်တက်မည် click
- NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း click
- ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ click
- ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလဲဖို့ တောင်းဆိုမှုအပေါ် ဝေဖန်သံ (တနင်္ဂနွေ ဆွေးနွေးပွဲ) click

Read more »

Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်


မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
တူမောင်ညို။ မေ၁ ၊ ၂၀၁၂
(NLD) ပါတီက ရှေ့နေပညာရှင်ဦးဉာဏ်ဝင်း မကြာခင်က ပြောခဲ့တဲ့စကားနဲ့ စတင်ပါရစေ။
 “ကျနော်တို့ လွှတ်တော်ထဲကိုအရင်ဝင်၊ ဝင်ပြီးတော့ မှပြင်လို့ မြင်တဲ့သူတွေကို ဘာမှဝေဖန်စရာသုံး သပ်စရာ မရှိဘူး၊ ဒါက ကျနော်တို့ အမြင်တွေက ကိုယ့်အမြင်နဲ့ကိုယ်ရှိကြမှာပဲ၊ ဒါပေမယ်လို့ ကျနော်တို့နားလည်တာက အဲဒီလိုဝင်လိုက်ရင် ကျနော်တို့ရဲ့ မူရင်း ဖြစ်တဲ့စည်းကမ်း Principal ကို ထိခိုက် တယ် လို့ထင်ပါတယ်။ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ကို ပြင် ဆင်ပေးဖို့ ကျနော်တို့ တင်ပြ ကတည်းက ဒီစည်းကမ်းဟာ ကျနော်တို့ရဲ့စည်းကမ်းပါ။ အဲဒီတော့ကိုယ့်စည်းကမ်းကိုယ် ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့တတ်နိုင်သ မျှ ပြေလည်ဖို့ နည်းလမ်းတွေရှာပြီးတော့ အကြံပြုချက်တွေပေးနေတာပါ”
တကယ်တော့တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စားပြုတယ်၊ ပြည်သူလူထုကိုမျက်နှာမူတယ်ဆိုရင် ဘာတွေလုပ်နေတယ်၊ ဘယ် လိုလုပ်မယ်ဆိုတာ လေးလေးစားစား ရှင်းပြဖို့လိုအပ်ပါတယ်။
ခေါင်းဆောင်ဟာ လမ်းခရီးမှာ ကိုယ်ပိုင်ကားမောင်းသူလို ကိုယ်ပြောင်းချင်တဲ့ဂီယာပြောင်းပြီး၊ ကိုယ်ကွေ့ချင်သလိုကွေ့တာ မျိုးမဖြစ်သင့်ပါဘူး။ ခရီးသည်တင်ဘတ်စ်ကားမောင်းသူလို ကားပေါ်ပါလာတဲ့ ပါစင်ဂျာတွေရဲ့ အသက်တွေကိုအလေးထားရပါမယ်။  အချိုး၊အကွေ့၊အတက်၊အဆင်းဆိုတဲ့ ဦးတည်သွားနေတဲ့ ခရီးလမ်းအခြေအနေအပေါ်မူတည်ပြီး ကိုယ့်ဂီယာကိုစနစ်တကျ ပြောင်းလဲ သင့်တာပါ။
          ထို့အတူနိုင်ငံရေးပါတီတစ်ခုဟာလည်း တစ်ဦးတစ်ယောက်ရဲ့ အာဏာပိုင်အဖွဲ့အစည်းဘဝ ကျရောက်မသွားစေသင့်ပါဘူး။
 အဲဒီလိုကျရောက်မသွားရအောင်လည်း အဲဒီနိုင်ငံရေးပါတီအဖွဲ့အစည်းထဲ (အထူးသဖြင့် ခေါင်းဆောင်ပိုင်းထဲက)မှာ မှန်ကန်တဲ့ ဝေဖန်ဝန်းရံမှုတွေရှိဖို့လိုပါတယ်။ အခုအခြေအနေက ထိပ်ဆုံးခေါင်းဆောင်ပြောသမျှကို ခေါင်းဆောင်မှုအဝန်းအဝိုင်းထဲပါတဲ့ သူတွေ ကိုယ်တိုင်က မပယ်ရှားဝံ့ဘဲ၊ “ဗောင်းတော်ငြိတ် စိတ်တော်သိ” ဆိုသလို ဆိုးဆိုးကောင်းကောင်း လိုက်နာလုပ်ဆောင်နေကြတဲ့ သဘော တွေ့မြင်နေရပါတယ်။
           “ (NLD) လွှတ်တော်ထဲဝင်ရောက်ဖို့အတားအဆီးဖြစ်နေရတဲ့အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက် အဖြစ် သတ်မှတ်ချင်ပါတယ်။ နိုင်ငံရေးကိစ္စအနေနဲ့ မချဲ့ကားစေချင်ပါဘူး”လို့ပြောပါတယ်။  (၂၆ဧပြီ – EMG – သတင်း)
          နိုင်ငံရေးကိစ္စအနေနဲ့ ချဲ့ကားချင်တာ၊ မချဲ့ကားချင်တာဟာ မိမိစိတ်ဆန္ဒနဲ့သာ ဆိုင်ပြီးလက်တွေဖြစ်နေတဲ့ကိစ္စကို လက်တွေ့ ဖြစ်ပေါ်နေတဲ့ အတိုင်းသာကိုင်တွယ်ဆောင်ရွက်ရမှာပါ။         နည်းစနစ်ပိုင်းမှားယွင်းမှု သက်သက်အဖြစ်သတ်မှတ်ချင်ပါတယ်ဆိုဦး၊ နည်းစနစ်ပိုင်း မှားယွင်းမှုကို ဘယ်လိုညှိနှိုင်းပြုပြင်ကြမလဲ ဆိုတာ (NLD)ထိပ်ပိုင်းခေါင်းဆောင်တွေ ဝိုင်းဝန်းဆွေးနွေးကြရမယ့်ကိစ္စဖြစ်ပြီး ဆွေးနွေးရရှိလာတဲ့ရလဒ်အတိုင်း ဆောင်ရွက်ရမှာပဲ မဟုတ်ပါလား။
          “ဇယား ၄ ”ကိစ္စမှာ ကျနော်ရရှိလိုက်တဲ့အချက်ကတော့ (NLD) ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်မယ် ဆိုပေမယ့် စနစ်တကျစုစည်းလေ့လာထားမှုမရှိဘူး။  လေ့လာထားမှုမရှိဘဲ  အရေးဆိုတယ်။
          ပါတီရဲ့ပညာရှင်ရှေ့နေကတော့ သူ့အမြင်ကို ဥပဒေရှုဒေါင့်ကနေ အခုလိုလေ့လာဖေါ်ထုတ်ပြောကြားခဲ့ပါသေးတယ်။
“ကျနော်တို့ရဲ့ဥပဒေအမြင်တွေကိုတင်ထားပါတယ်။ ဒီနေ့အထိတော့ လက်ခံခြင်းရှိ/မရှိ ကျနော်တို့ မသိရသေးပါဘူး၊ ဥပဒေ တွေရော လုပ်ထုံးလုပ်နည်းတွေရော နောက်ဆက်တွဲ ဇယားတွေရော အကုန်လုံးဟာ လိုက်လျောညီထွေရှိရမယ်။ consistent ဖြစ်ရ မယ်။ inconsistent ဖြစ်တာက ဥပဒေမဟုတ်ဘူး၊ consistent ဖြစ်အောင်ကိုလုပ်ရမယ်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင် ဆင်ချက်ထွက်လိုက်ပြီဆိုရင် အဲဒီပြင်ဆင်ချက်နဲ့ ညီညွတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးလုပ်ဖို့က ဥပဒေရဲ့မူပဲ ကျနော်တို့ ဒါကို ကိုင်စွဲနေတာပါ”
 ပါတီရဲ့ပညာရှင်ရှေ့နေဟာ ပါတီဆုံးဖြတ်ချက်အတိုင်းစာရေးပြီး သက်ဆိုင်ရာနေရာတွေကို အကြံပြုပါတယ်။ နေပြည်တော် သွားဆိုသွားပါတယ်။ ခုံရုံးကဖိတ်တော့လည်းသွားပါတယ်။ ဟိုကလက်ချာရိုက်တာကိုနားထောင်ပါတယ်။ သူ့အမြင်သဘောထားကို ခုံရုံး မှာ ထုတ်မပြောခဲ့ပါဘူး။သူ့ပညာနဲ့သူ့မာနကိုအသာထားခဲ့ပုံပေါ်ပါတယ်။သူ့ဘက်ကတာဝန်ကျေပါတယ်။
သတင်းစာရှင်းလင်းပွဲကျမှသာအမြင် မတူတာတွေကို  အခုလိုရင်ဖွင့်ပါတယ်။
“— ကျွန်တော် ရှေ့နေ ပါ။ လျှောက်လဲချက်ကို ဆယ်ခါမက ပေးနိုင်တယ်။ ပေးတတ်တယ်”
          ရှေ့နေပညာရှင်ရဲ့ လေ့လာတင်ပြချက်တွေဟာ သူ့စကားအတိုင်းပြောရရင် consistence ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ပါတီ ခေါင်းဆောင်က ဂငယ်ကွေ့ ကွေ့ချလိုက်တာကတော့ သူ့ဥပဒေပညာရှင်အတွက် မျက်နှာပူစရာဖြစ်ပါတယ်။
          တိုင်းကျော်ပြည်ကျော်နိုင်ငံရေးပါတီကြီးဟာ မိုးလားကဲလားတွေ ပြောထားပြီး နှစ်ရက်တစ်ပိုင်းအတွင်းမှာ “ပြည်သူများ၏ ဆန္ဒ အရ” ဆိုတဲ့ စကားလုံးလှလှသုံးပြီး ကိုယ့်စည်းကမ်း၊ ကိုယ့်(Principle) ကိုယ်ဖောက်ပြလိုက်တဲ့ဖြစ်ရပ်ကို ပြည်သူလူထုကိုယ်စား ကျနော် မှတ်မှတ်သားသား မှတ်တမ်းတင်ပါရစေ။  
          “မူမဲ့တဲ့ နိုင်ငံရေး” ဆိုတာ မဟတ္တမဂန္ဒီကြီး ရဲ့ “ဆိုးရွားသောဒုစရိုက် ၇ ပါး” အနက် တစ်ပါး အပါအဝင်ဖြစ်ပါတယ်။
ညွန်း
-       (သတင်းထောက် အံ့ဘုန်းမြတ်နှင့် ဦးဉာဏ်ဝင်း အင်တာဗျူး- ဒီဗွီဘီ – တီဗွီသတင်း ၂၇ ဧပြီ)
-      (၂၆ဧပြီ – EMG – သတင်း)
-      Mahatma  Gandhi’s Seven Deadly Sins

Read more »

ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ

မူအရလည်း မှန်.ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါတယ်..ယုံကြည်ချက်အရလည်းမှန်
တယ်..ဒါပေမဲ့ လုပ်သင့်တယ်လို့ထင်လို့ ဒါတွေကို ကျောခိုင်းပြီး(သမိုင်း နောက်ကြောင်းပြန်လှည့်သွားမှာဆိုးလို့၊တိုင်းပြည်နာမှာကြောက်လို့ထင်ပါရဲ့) ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDဆုံးဖြတ်ချက်ကို ဘာပဲဖြစ်ဖြစ် မကြိုက်ပေမဲ့ မကန့်
ကွက်ဘူး...မရှိမဲ့ရှိမဲ့.ဒီခေါင်းဆောင်ပြိုသွားရင်...ဘယ်သူ့ကိုအစားထိုးမလည်း....ခေါင်းဆောင်က လုပ်သင့်တယ် ထင်လို့ လုပ်တဲ့ ကိစ္စ အားလုံးက တညီတညွတ်လိုက်ဘို့ပဲရှိတာပေါ့..တိုင်းပြည်
နာနေတာကို ခံယူချက်စတေးပြီး ကျော်ဖြတ်လိုက်ရတာအတွက်...ထိုက်သင့်တဲ့ တန်ဘိုး တစုံ
တရာတော့...ရှိလာမှာပါ...လက်ရှိအစိုးရအနေနဲ့လည်း...တဘက်က အလျှော့ပေးလိုက်တာကို
ဟုတ်ပြီကွဆို...ရောင့်တက်တဲ့လုပ်ရပ်ကိုတော့ ရှောင်ဘို့လိုလိမ့်မယ်...မြန်မာတွေဟာ...ရုပ်ရှင်
ထဲမှာတောင်...မင်းသားက..လူကြမ်းကို မတရားနှိပ်စက်လာရင်...မင်းသားကို မုန်းတဲ့ အမျိုး။
( ဒေါ်စုပြောသွားတဲ့...အလျှော့ပေးလိုက်တာဟာ..ပြည်သူဆန္ဒဆိုတဲ့စကားဟာ....နှိမ့်ပေးလိုက်
သလိုလိုနဲ့....လှံသွားထက် စူးတယ်နော်....ဒီစကားဟာ...လက်ရှိအစိုးရအတွက် အနိုင်ကျင့်
လွှမ်းမိုးဘို့ကြိုးစားလာရင်.....မိုးကြိုးသွားဖြစ်လိမ့်မယ်)....။ ဘယ်သူတွေ ဘယ်လိုပဲ ပြောလာ
ပြောလာ..ဘယ်လိုပဲ ရှုတ်ချ ရှုတ်ချ...ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ......။

Read more »

NLD decision to go for parliament - DVB 30.04.2012

Read more »

“ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ”

Lun Swe
‘ရရင်ရ မရရင်နေ’ ဆိုတဲ့ NLD ရဲ့ လက်သုံးမူအတိုင်း ကျမ်းကျိန်စာသားပြင်ဆင်ရေး တောင်းဆိုလို့ မရတဲ့အဆုံး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဒီလိုပဲဖြစ် လာမယ်လို့ မျှော်လင့်ပြီးသားမို့ ထူးပြီး မအံ့သြမိပါ။


“အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်” လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလျှော့ပေးတာလား၊ မရှက်တတ်တာလား၊ လေးဘက်ထောက်တာလား ကျနော့်အနေ နဲ့ စိတ်မ၀င်စား ရိုးအမှန်ပါ။

ဒါပေမယ့်‘ရရင်ရ မရရင်နေ’ဆိုတဲ့မူကို NLD ကျင့်သုံးနေ တာ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ခေါင်းဆောင်တွေ မျက်နှာပူ ရကောင်း မှန်းမသိဘဲ အကြိမ်ကြိမ် ဆက်ကျင့်သုံးနေရင် ကြာလာ တာနဲ့အမျှ ကြံ့ဖွတ်ကလည်း ဟား၊ ပြည် သူ က လည်း မလေးစား ဆိုတာမျိုး ဖြစ်လာပြီး လွှတ်တော်တွင်းမှာ ရှေ့ဆက်အလုပ်လုပ်ရ သိပ်ခက်သွားမှာကို စိုးလို့ပါ။

နောက်တခုက NLD တောင်းလိုက် မရလိုက်နဲ့ အခုလို မကြာခဏ အရှက်တကွဲ အကျိုး နည်းဖြစ်နေ ရခြင်းဟာ NLD ကို မျက်စိစုံမှိတ် တခဲ နက် ထောက် ခံ အားပေးတဲ့ ပြည်သူလူထုကိုပါ အရှက်ခွဲသ လို ဖြစ်ဖြစ်နေတယ်လို့ ခံစားရလို့ပါ။

ဒါကြောင့် နောင်မှာ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမူအတိုင်း လုပ်နိုင်လုပ်ရဲမယ့် plan ရှိမှ သာတောင်းဆိုတဲ့အလုပ်ကိုလုပ်ကြပါလို့NLDခေါင်းဆောင်တွေကိုပထမဆုံးနဲ့နောက်ဆုံး အကြိမ် မေတ္တာ ရပ်ခံလိုက်ရပါတယ်။

Read more »

Sunday, April 29, 2012

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

2012-04-29
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

AFP
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များကို စကားပြောဆိုနေကြစဉ်။
ဂျာမန် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာမျက်နှာသစ် ဖွင့်ဖို့ အာရှခရီးကို ထွက်လာရင်း အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။ ဝန်ကြီးဟာ မနက်ဖြန် နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အကူအညီ အများဆုံးပေးတဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပြီးရင် ဂျာမနီနိုင်ငံက ဒုတိယနေရာမှာရှိပြီး မြန်မာနိုင်ငံက ကြွေးမြီ ယူရိုငွေ သန်း (၇၀၀) ကျော် တင်ရှိနေကြောင်း သိရပါတယ်။

Read more »

မင်းတကိုယ်ထဲလျှောက်ပေတော့(ဒေါ်အောင်ဆန်းစုကြည်)

မင်းခေါ်လို့  သူတို့ မလိုက်ရင်

မင်း တကိုယ်ထဲ လျှောက်ပေတော့။

ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့။

တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့။

မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့။

တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။

ရင်ခွင်သစ်  မှကူးယူဖော်ပြသည်။

Read more »

‘အကယ်၍’



“မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့”
ဒီ..ကဗျာကတော့ The Jungle Book စာအုပ်နှင့် နာမည်ကျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံဖွား ဗြိတိန်နိုင်ငံသား
စာရေးဆရာနှင့် ကဗျာဆရာ Rudyard Kipling (1865-1936) ရဲ့  “IF” ဆိုတဲ့ ကဗျာလေးပါ။ IF
‘အကယ်၍’

If you can keep your head when all about you, Are losing theirs and blaming it on you,

အကယ်၍ မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . ။

If you can trust yourself when all men doubt you, But make allowance for their doubting too,

အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . . . . . . . .။

If you can wait and not be tired by waiting, Or, being lied about, don’t deal in lies, Or being hated, don’t give way to hating, And yet don’t look too good, nor talk too wise,

အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်… ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်…. ဒါမှမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်…. ပြီးတော့ မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . . . . . . ။

If you can dream-and not make dreams your master; If you can think-and not make thoughts your aim;

အကယ်၍ စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်… အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . . . . . ။

If you meet with Triumph and Disaster, And treat those two impostors just the same;

အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ တူညီသော လောကဓံ တရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ်ဆိုရင်. . . . . .။

If you can bear to hear the truth you’ve spoken Twisted by knaves to make a trap for fools, Or watch the things you gave your life to, broken,. And stoop and build’em up with worn-out tools:

အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . . . .။

If you can make one heap of all your winnings, And risk it on one turn of pitch-and-toss. And lose, and start again at your beginnings, And never breathe a word about your loss:

အကယ်၍ မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…. ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်…. ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . . . .။

If you can force your heart and nerve and sinew, To serve your turn long after they are gone, And so hold on when there is nothing in you Except the Will which says to them: "Hold on!"

အကယ်၍ သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်….. အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆို ရင်. . . . . .။

If you can talk with crowds and keep your virtue, Or walk with kings – nor lose the common touch,

အကယ်၍ လူတွေနဲ့ထိတွေ့ ပြောဆိုဆက်ဆံရတဲ့ အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်….. ဒါမှမဟုတ် မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူးဆိုရင်….

If neither foes nor loving friends can hurt you,

အကယ်၍ ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . . . . . ။

If all men count with you, but none too much;

အကယ်၍ လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

If you can fill the unforgiving minute, With sixth seconds’ worth of distance run.

အကယ်၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်. . . . .။

Yours is the Earth and everything that’s in it, And-which is more – you’ll be a man, my son !

ငါ့သားရေ မင်းဟာ အရာရာရှိတဲ့၊အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။ အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း တစ်ယောက်ပဲပေါ့။

Rudyard Kipling
(Translated by Daw Aung San Su Kyi)

Read more »

Saturday, April 28, 2012

28 April 2012

Read more »

Daw Aung San Suu Kyi with Chief EU Foreign press conference

Published on Apr 28, 2012 by
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ မစ္စစ် ကတ်သရင်း အစတန် တို့ရဲ့ သတင်းစာရှင်း လင်းပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဥရောပသမဂ္ဂ မူဝါဒအကြီးအကဲ မစ္စစ် ကတ်သရင်း အစတန် ( Chief of EUForeign Policy, Ms. Catherine Ashton ) တို့ဟာ ဒီကနေ့မနက် ၁၀:၃၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ် ခဲ့ပါတယ်။

Read more »

Thursday, April 26, 2012

ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ်

By , on April 26, 2012 4:19 pm

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စကားရပ်ပြင်ဆင်ပေးရေးသည် ထိပ်တိုက်ရင်ဆိုင်ရေးနှင့် ထွက်ပေါက်မရှိ သည့် နိုင် ငံရေးဖြစ် စဉ်သို့ ရောက်ရှိအောင် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ပယ်ချလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် မကြာမီ ပြေလည်သွားမည်ဟု ပြောဆိုလိုက်သည်။


ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင်အီတလီနိုင်ငံခြားရေးဝန်ကြီးMr.GiulioTerzidiSant'Agata နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - အောက်သက်ဝိုင်း / ဧရာဝတီ)
ယနေ့ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant’Agata နှင့်တွေ့ဆုံအပြီးသတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်ကထိုသို့ ပြောဆို လိုက်ခြင်းဖြစ် သည်။
“ကျမတို့က ကျမ်းကျိန်လွှာပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့် ပြန့် ဖြစ် လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတခုဖြစ် တယ်။ နိုင်ငံရေးပြဿနာမဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူ ရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက် ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

Read more »

လုပ်ထုံးလုပ်နည်းအခက်အခဲဖြစ်သာရှုမြင်

26 April 2012 11:14
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲ သက်သက်အဖြစ်သာရှူမြင်ကြောင်း ပြောဆိုလိုက်ပါတယ်။

Read more »

Daw Aung San Suu Kyi went Yangon Hospital

Read more »

Wednesday, April 25, 2012

ခြံအမှတ်(၅၄)မှ သမိုင်းဝင်ခြေလှမ်းများ


by 7Day News Journal on Wednesday, 25 April 2012 at 06:14 ·
ဧပြီ ၁၃ရက် ပူစပ်စပ် ညနေ ခင်းနေရောင်အောက် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်    ဒေါ်အောင်ဆန်းစုကြည်တို့ အေးအေး လူလူ စကားပြောရင်း လမ်းလျှောက်နေသည်။ အင်္ဂလန်နိုင်ငံ ဒေါင်းနင်း လမ်းအမှတ်-၁၀ တွင် နေထိုင်သော ဒေးဗစ်ကင်မရွန်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်   နေအိမ်ခြံဝင်းဥယျာဉ်ထဲ လမ်းလျှောက်ရင်း စကားစမြည် ပြောနေခြင်းဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ်ကျော်ကဆိုလျှင် ထိုမြင်ကွင်းမျိုး လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူ မျှတွေးထင်ထားမည်မဟုတ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၁၉၄၈ ဇန်န၀ါရီ ၄)နောက်ပိုင်း ဒေးဗစ်ကင်မရွန်း၏ ယခုခရီး စဉ်မှာ ဗြိတိန် ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင် ငံရေးပြုပြင်ပြောင်း လဲမှုများက ဗြိတိန်ဝန်ကြီးချုပ်၏ သမိုင်းဝင် မြန်မာခရီးစဉ်ပေါ်ပေါက်လာရ ခြင်း၏ အကြောင်းရင်းတစ် ခုဖြစ် ကြောင်း ဒေးဗစ်ကင်မရွန်းကပြောသည်။
ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ဆက်တိုက်သွားရောက်ခဲ့ပြီး ဧပြီ ၁၃ ရက် မွန်းတည့် တွင် မြန်မာနိုင်ငံရောက်ရှိလာသော ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏နေအိမ်၌ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ရန်ကုန် မလာခင် စင်ကာပူမှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မ တဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံခေါင်းဆောင်များ အထူး ဂုဏ်ပြုနေ့လယ်စာကို အတူ တကွ စားသုံးခဲ့ကြသည်။ ထို တွေ့ ဆုံဆွေးနွေးမှုတွင် ဗြိတိန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့သော Spit-fires တိုက်လေယာဉ်အစီး ၂၀ ခန့်ပြန် လည်တူးဖော် ရန် သမ္မတဦး သိန်းစိန်နှင့် သဘောတူညီခဲ့သည်။

ဒေးဗစ်ကင်မရွန်းက ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ယှဉ်တွဲရပ်ခွင့်ရခြင်းနှင့်ပတ်သက်၍ ဧပြီ ၁၃ ရက် ညနေ ၅ နာရီ ၂၅မိနစ် ခန့်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ဖွင့်ဟပြောကြားသည်။“ကျေးဇူးတင်ပါတယ် ဒေါ် အောင်ဆန်းစုကြည်။ သည်နေရာ မှာ ခင်ဗျားနဲ့အတူ ရပ်ခွင့်ရတဲ့အတွက် အကြီးအကျယ်ဂုဏ်ယူမိပါ တယ်။ ခင်ဗျားရဲ့ အားထုတ်ရုန်းကန်မှု၊ ခင်ဗျားရဲ့ ရဲရင့်မှု၊ ခင်ဗျားရဲ့ ယုံကြည်တဲ့အရာတွေအတွက် သတ္တိရှိရှိရပ်တည်ခဲ့မှုများဟာ ဒီမို ကရေစီကို မြင်ချင်ကြတဲ့၊ လွတ်လပ်မှုကိုမြင်ချင်ကြတဲ့၊ လူ့အခွင့် အရေးကိုမြင်ချင်ကြတဲ့ ကမ္ဘာတစ် ၀န်းက လူအများကို စေ့ဆော်နိုင် ခဲ့ပါတယ်။ဒါ့အပြင် ဗြိတိန်နိုင်ငံက လူတိုင်းဟာလည်း  ခင်ဗျားရဲ့ အားထုတ် ရုန်းကန်မှုကြောင့် စိတ်ကူးစိတ် သန်းတွေ နိုးကြားလာခဲ့ရပါတယ်”မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုလို ၍ ကမ္ဘာထိပ်တန်းခေါင်းဆောင်က မြန်မာနိုင်ငံ ရုတ်တရက်ရောက်ရှိ လာသည်ဆိုသော်လည်း သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ သုံးသပ်မှု မျိုးစုံရှိသည်။

“ဥရောပသမဂ္ဂနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ မဆုံးဖြတ်ခင် ဒေးဗစ်ကင်မရွန်ရဲ့ ခရီးစဉ်က ဗြိတိန်ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဥရောပသမဂအဖွဲ့မှာ ရှေ့မျက်နှာစာကို ထွက်လိုက်တာလို့ ထင်တယ်။ မြန်မာအရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ ရဲ့ ဦးဆောင်နိုင်ငံဖြစ် တယ်ဆိုတာ ပြလိုက်တဲ့ ခရီးစဉ်လို့ မြင်တယ်”ဟု မြန်မာနိုင်ငံ အကြောင်း သတင်းဆောင်းပါးများ  နှစ် ကာလ ရှည် ရေးသားလာသောဝါရင့်နိုင်ငံ ခြားသား သတင်းထောက်တစ်ဦးက သုံးသပ်သည်။

ဗြိတိန်တို့မှာ ၁၉ ရာစုက (၁၈၂၄ ခုနှစ်)   ပထမအကြိမ် မြန်မာနိုင်ငံအား ကျူးကျော်၍ အောက်ပိုင်းဒေသ အချို့ သိမ်းပိုက် ခဲ့သောအချိန်မှ  စတင်ရေတွက် လျှင် နှစ်ပေါင်း ၁၀၀ကျော် ကိုလိုနီပြုခဲ့သော နိုင် ငံဖြစ်သော်လည်း ၂၁ ရာစုတွင် မြန်မာနိုင်ငံအတွက်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသော လူမှုရေး ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အများဆုံးကူညီထောက်ပံ့သော နိုင်ငံဖြစ်နေသည်။ လာမည့်၎ နှစ်အတွင်းဗြိတိန်က မြန်မာနိုင်ငံအတွက် စတာလင်ပေါင် ၁၈၅ သန်း ကူညီ ပံ့ပိုးရန် သဘောတူကတိပြုထား သည်။ ၎င်းတို့က ပေးအပ်သော  အကူအညီများ ကို  မြန်မာအစိုးရသို့ တိုက်ရိုက်ကူညီပေးအပ် သည်မဟုတ်ဘဲ လူမှုရေးအဖွဲ့အ စည်းများမှတစ်ဆင့် ကူညီပေး အပ်ခြင်း ဖြစ်သည်။

ဧပြီ ၁၃ ရက်ညနေပိုင်းတွင် ဒေးဗစ်ကင်မရွန်က အီးယူနှင့် မြန်မာနိုင်ငံအတွက် အဓိကအ အရေး ကိစ္စဖြစ်နေသော ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍လည်းသူ၏အမြင်ကို အတိအလင်းထုတ်ဖော် သည်။ “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တာတွေကို ဆိုင်းငံ့ (ရပ်ဆိုင်း) ထားသင့်ပါတယ်။ ရပ်ဆိုင်းတာပါ။ ရုပ်သိမ်းတာ မဟုတ် ပါဘူး။ ပြီးတော့လည်း ဒီလိုရပ် ဆိုင်းတဲ့ အထဲမှာ လက်နက်ကုန်သွယ်ရေး ပိတ်ပင်တားဆီးမှုကို မထည့်သွင်းဘူးဆိုတာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဗြိတိန်ဝန်ကြီးချုပ်နှင့် အမြင်တူညီနေသည်။ “အီးယူရဲ့ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ စိတ်ကူးကို ကျွန်မလည်း သဘော တူပါတယ်။ ဒီလိုရပ်ဆိုင်းပေးမှုဟာ  သမ္မတနဲ့ ပြုပြင်ပြောင်းလဲ ရေးသမားတွေရဲ့  စွမ်းဆောင်မှုကြောင့် ပေါ်ထွက် လာခဲ့တာပါ။
ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို မကြိုက်တဲ့သူတွေက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ဖို့၊ တားဆီးဖို့ ကြိုးစားရင် ပိတ်ဆို့အရေးယူမှုက ပြန်လာနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် ပိုပြီးအားသာချက် ရရှိစေမှာ ဖြစ် ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောသည်။

၎င်းတို့နှစ်ဦး သဘောတူ သည့်အတိုင်းပင် လူဇင်ဘတ်နိုင်ငံတွင် ဧပြီ ၂၃ ရက်က ဥရောပသမဂ္ဂ အဖွဲ့ ၀င် နိုင်ငံခြားရေးဝန်ကြီးများ က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို လက်နက် တင်သွင်းရောင်း ချမှုပိတ်ပင်းခြင်း မှအပ  တစ်နှစ်ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။မြန်မာနိုင်ငံရှိ အဓိက စီးပွား ရေးအခွင့် အလမ်းများဖြစ်သော  စွမ်းအင်၊ သတ္တုတွင်း၊ ငွေကြေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဏ္ဍများ တွင်    ၀င်ရောက်လုပ်ကိုင်ခွင့်ရလိုသော စီးပွားရေးလုပ်ငန်းများတွင် ဗြိတိန်မှ လုပ်ငန်းများ လည်း ပါဝင်သည်။

ထို့ကြောင့်  ဥရောပသမဂ္ဂရှိ  စီးပွားရေးလုပ်ငန်းများက    ၎င်းတို့၏ ပြိုင်ဖက်  အမေရိကန်လုပ်ငန်းရှင် များ ထက် လက်ဦး၍ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့်ရလိုနေကြောင်း လည်း ရိုက်တာ သတင်း ဌာနက ဒေးဗစ်ကင်မရွန်မြန်မာနိုင်ငံကိုလာရောက်မည့်ခရီးစဉ်အကြောင်း  ရေးသားရာတွင် ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်နှင့်အတူ  စီးပွားရေးလုပ်ငန်းရှင်များ ပါလာ၍ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှု လုပ်ကိုင်ရန် စိတ်ဝင်စားခြင်းမှာ ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ခု ဖြစ်နေသလားဟု ထင်ခဲ့ကြ သူအချို့လ ည်း ရှိသည်။ သို့သော် ခရီးစဉ်အတွင်း စီးပွားရေးနှင့်ပတ်သက် ၍  ဆွေးနွေးမှုမရှိခဲ့ကြောင်း လည်းသတင်း ရရှိသည်။
“မြန်မာနိုင်ငံဟာ သူမတူ အောင်ထူးခြားတဲ့ လူအများနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ။ အလွန်အင် မတန်မှ လှပ တဲ့နိုင်ငံဖြစ်ပါတယ်။ သည်နိုင်ငံဟာ အခုလောက်ကြီး ဆင်းရဲနွမ်းပါးမနေသင့်ပါဘူး။ သည်နိုင်ငံဟာ အာဏာ ရှင်စနစ် အောက်မှာ သည်လောက်အကြာ ကြီးထိခိုက်ခံစားမနေသင့်ပါဘူး””ဟု ဒေးဗစ်ကင်မရွန်က အာရှ၏ အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်ခဲ့ဖူးသော် လည်း ယနေ့ကမ္ဘာအဆင်းရဲဆုံး နိုင်ငံများစာရင်းဝင် ဖြစ်နေသော မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှတ် ချက်ပြုသည်။

“သည်နိုင်ငံက ကလေးသုံး ယောက်မှာ တစ်ယောက်ကအာဟာရဓာတ် ချို့တဲ့နေတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဆင်းရဲနွမ်းပါးမှုကြီးကလည်း ကြီးမားလှပါတယ်။ နိုင်ငံရေးတိုး တက်မှုအတွက်သာ မကဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဗြိတိန်နိုင်ငံအနေ နဲ့ဆောင်ရွက် သင့်တဲ့အကြောင်းကျွန်တော် အခိုင်အမာ ပြောလို ပါတယ်”

ယနေ့   မြန်မာနိုင်ငံတွင် အလာအလားကောင်းသော ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး၊ဗြိတိန်ကဲ့သို့ ကျန် ကမ္ဘာ့နိုင်ငံများကလည်း အသိအမှတ်ပြုတုန့်ပြန်ရန် လိုသည်။ တုန့်ပြန်ရာတွင်လည်း  သတိရှိစွာဖြင့် တုန့်ပြန်ရမည်ဖြစ် ပြီး၊ အပြောင်းအလဲများတွင် မြန်မာနိုင်ငံ နောက်ကြောင်း ပြန် မလှည့်ရန်ယုံကြည် ချင်သောကြောင့်သံသယအမြဲရှိနေရမည် ဟု ဗြိတိန် ၀န်ကြီးချုပ်ကဆိုသည်။

သို့သော် မြန်မာအစိုးရက ကျန်ရှိနေသော ယုံကြည်ချက်အကျဉ်းသားများကို လွတ်မြောက် ပေးရန်၊ တိုင်းရင်းသားလက်နက် ကိုင်အချို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်မှန်သော နိုင်ငံရေး အရ ဖြေရှင်း ရန်လည်း ၎င်းက တိုက်တွန်းသည်။ ၂၀၁၅ ရွေးကောက်ပွဲ ကို စောင့်မျှော်ကြည့်ရှုနေကြောင်း ဆက်ပြော သည်။ ဧပြီ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒုတိယအကြိမ်တွေ့ဆုံခဲ့သော  ဒေါ်အောင် ဆန်းစုကြည်က ဗြိတိန်ဝန်ကြီးချုပ် ၏ မြန်မာခရီးစဉ်မှာ သင့်မြတ်လှသောအချိန် တွင် ရောက်ရှိ လာခြင်းဖြစ်ကြောင်း ပြောသည်။ ဒီမိုကရေစီ အရေးအတွက်အပါအ၀င် မြန်မာနိုင်ငံအတွက်  ဗြိတိန်၏  ကူညီထောက်ပံ့မှုများအတွက် ကျေးဇူး တင်ကြောင်း ဧပြီ ၁ ရက် ကြား ဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သော သူမက ဆက်ပြောသည်။

ကင်မရွန်းက သူမကို လာမည့်ဇွန်လတွင် ဗြိတိန်သို့ လာ ရောက်လည်ပတ်ရန် ဖိတ်ခေါ်သည်။ ဒေါ်အောင် ဆန်းစုကြည် မှာ ဧပြီ၁၂ရက်တွင် ပတ်စ်ပို့လျှောက်ထားနေပြီဖြစ်ပြီး ဇွန်လ တွင် ဗြိတိန် နှင့်နော်ဝေ သို့ နှစ်ပေါင်း၂၄နှစ်အ တွင်း ပထမဆုံးအကြိမ် ပြည်ပခရီး သွားရောက်မည်ဖြစ် သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်နှစ်ဦးမှာ ခြံနံပါတ် ၅၄ တွင် တစ်နာရီကျော် ကြား တွေ့ဆုံဆွေးနွေးပြီးနောက်  မိနစ် ၂၀ ကျော်ကြာ သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ သတင်း ထောက်များ၏ မေးခွန်းများကို အတူဖြေခဲ့ကြသည်။ ထို့နောက် ကင်းမရွန်မှာ စမ်းချောင်းမြို့နယ်ရှိ စစ်သချုင်းသို့သွားရောက်ပန်းခွေ ချ အလေးပြုသည်။ ညစားကို ရန်ကုန်ရှိ ဗြိတိသျှသံအမတ်နေ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကျွေးသည်။ ည ၁၀ နာရီ တွင် ရွှေတိဂုံစေတီတော်  သွားရောက်ဖူးမြော်ပြီးနောက် အထူး လေယာဉ်ဖြင့် ပြန်သွားသည်။

“ခင်ဗျားရဲ့ အားထုတ်ရုန်း ကန်ခဲ့ရမှု၊ ခင်ဗျားရဲ့ အံ့မခန်းတဲ့ ရဲစွမ်းသတ္တိ၊  ကမ္ဘာတစ်ဝန်းက လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ပိုမိုကြီး ကျယ်မြင့်မြတ်လှတဲ့ လူ့အခွင့်အရေးများကို    မြင်လိုကြသူတွေ အားလုံး အတွက် ခင်ဗျားပြသခဲ့တဲ့အလင်းရောင်ကို စောင့်ကြည့်ခဲ့ရတာဟာ အင်မတန်မှ   စိတ်ကူးစိတ်သန်းကောင်း များ နိုးကြားတက်ကြလာ စေခဲ့ပါတယ်လို့ ပြောရင်းနဲ့ အဆုံး သတ်ပါစေ ”ဗြိတိန် ၀န်ကြီးချုပ် က ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ် သက်၍ နောက်ဆုံးမှတ်ချက်ပြု ပြောစကားဖြစ်၏။ တစ်ချိန်က ဗြိတိန်နိုင်ငံ မှ ခေါင်းဆောင် များက လေးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏သမီး    ဒေါ်အောင်ဆန်းစုကြည် ကို     ဒေးဗစ်ကင်မရွန်ကြည့်သောအကြည့်တို့၌ လေးစား၊ ချစ်ခင်မှုများ အတိုင်းသား တွေ့ရ၏။
                                                                                                                                                              အားမာန်

7 day news

Read more »

Read more »

Tuesday, April 24, 2012

ဘရစ်တိန်နိုင်ငံ Glasgow မြို့ လွတ်မြောက်ခြင်းဆု

၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြင့်ခဲ့တဲ့ ဘရစ်တိန်နိုင်ငံ Glasgow မြို့ လွတ်မြောက်ခြင်းဆုကို လူကိုယ်တိုင်လာရောက်ယူဖို့ ဆုပေးရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီဆုအတွက် ၂၀၀၇ ခုနှစ်မှာ ရွေး ချယ်ခဲ့ပြီး ၂-နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ဆုပေးပွဲကျင်း ပခဲ့တာဖြစ်ပါ တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဘရစ်တိန်နဲ့ နော်ဝေး နိုင်ငံ တွေကို ခရီးသွားမယ်လို့ သိရတာကြောင့် Glasgow မြို့ ကို လာရောက်ပြီး လူကိုယ်တိုင်ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်က ဆုပေးရေးအဖွဲ့အကြီးအကဲတဦးဖြစ်တဲ့ Bob Winter က ဒေါ်အောင်ဆန်းစုကြည်ဟာ မဟတမ္မ-ဂန္ဒီနဲ့ ဒေါက်တာ-မာတင်လူသာကင်းတို့လို အကြမ်းမဖက်တဲ့ ငြိမ်း ချမ်း ရေးလမ်းစဉ်ကို ကျင့်သုံးသူတဦးဖြစ်တာကြောင့် ဆုပေးဖို့ရွေးချယ်ခဲ့တာဖြစ်ကြောင်း The Herald သတင်းမှာ ရေးသားထားပါတယ်။

Read more »

24 April 2012

Read more »

Monday, April 23, 2012

23 April 2012

  •  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်က ကြိုဆိုဟု ဦးသိန်းစိန် ပြောကြား click 
  •  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုနေဟု သမ္မတ ပြော click 
  • NLD တာထွက်ကောင်းရဲ့လား (အယ်ဒီတာ့အာဘော်) click 
  •  ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ စစ်သားအမတ် (ဆောင်းပါး) click 
  •  လွှတ်တော်ဥပဒေများအကြောင်း သင်တန်း NLD ကိုယ်စားလှယ်များ တက်ရောက် (ဓာတ်ပုံ) click 
  •  ဒေါ်အောင်ဆန်းစုကြည်နဲ့ အနိုင်ရ NLD လွှတ်တော်အမတ်တွေရဲ့ ဥပဒေသင်တန်း (ရုပ်သံ) click

Read more »

Sunday, April 22, 2012

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ဒီမိုကရေစီ” အဓိပ္ပါယ်

ဒီမိုကရေစီစနစ်ဆိုတာလူတိုင်းတစ်ယောက်နဲ့တစ်ယောက် လေးစားတဲ့စနစ်ပါဘဲ ။
(မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ၊ ၁၀. ၁၂ . ၈၈ ) 

ဒီမိုကရေစီစနစ်အောက်မှာ ဆိုလို့ရှိရင် အများစုရဲ့ သဘောတူညီချက်အရ အနဲစုကလုပ်ရတယ်ဆိုပေမဲ့ အနဲစုကို အများစုကအတိုက်အခံလုပ်တယ်၊ နှိပ်စက်တယ်၊ ညှင်းပမ်းတယ်၊ အမျိုးမျိုးအနှောင့်အယှက်ပေး တယ်ဆိုတာ လုံးလုံးမရှိရပါဘူး ။
(ကမာကေး ၊ ၁၇ . ၁၂ .၈၈ )
 
လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းပိုင်ဆိုင်ခွင့်ရှိတယ် ။ ကိုယ်တင်မဟုတ်ပါဘူး။ ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေးရှိရမယ် ။ အဲဒီတော့…တစ်နေ့ကျမတို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါ ကြရင်…ရှုံးတဲ့သူတွေဟာ သူတို့ရဲ့အခွင့်အရေးကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ် ။ ဒါဟာကျမတို့ရဲ့ဒီမိုကရေစီတာဝန်ဖြစ် တယ် ။
 ( အဖွဲ့ချုပ်ရုံး ၊ သထုံမြို့ ၊ ၁၄. ၁၂. ၈၈ )

တချို့ကဒီမိုကရေစီဆိုတာ…အားလုံးက ဗိုလ်ကြီး ဘဲလို့ထင်တယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာအားလုံးတန်းတူရည်တူ…လို့ပြောတာ မဟုတ်ဘူး။အားလုံးဟာတန်တူရည်တူအခွင့်အရေးရှိတယ်လို့ ပြောတာဘဲ ဖြစ်တယ်။ အားလုံးမှာရှိတဲ့ တန်းတူရည်တူအခွင့်အရေးနဲ့ အများအကျိုးဆောင်မဲ့သူတွေကို ရွေးထုတ်ပိုင်ခွင့်ဆို တာရှိတယ် ။ ဒါကိုပြောတာဘဲ ။
(အဖွဲ့ချုပ်ရုံး ၊ကျုံမငေး၊ ၁၅. ၁ .၈၉ )


ဒီမိုကရေစီအပင်ကြီးဟာ ရှင်သန်လို့ရှိရင် ဒီအပွင့်တွေအသီးတွေဟာ ကျမတို့လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ ကခံစားချင်မှ ခံစားရမယ်။ ဒါပေမဲ့ လူငယ်ပိုင်းနဲ့ ခလေးလေးတွေ ကြီးလာလို့ရှိရင် အသီးအပွင့်တွေ ခံစားနိုင်ရမယ်ဆိုရင်….ကျမတို့ကျေနပ်ပါတယ် ။ (ကမာဝက် ၊ ၁၆. ၁၂ . ၈၈ )

Read more »

22 june 2011

  •  အမေရိကန်လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် စကားပြော click 
  •  ဇွန် (၂၂) အမေရိကန် လွှတ်တော်ကော်မီတီသို့ မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click 
  •  ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ click 
  •  မြန်မာလူ့အခွင့်အရေး စုံစမ်းမှု အမေရိကန် ထောက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
  • ဘန်ကီမွန်း ဒုတိယသက်တမ်း မြန်မာ့အရေး ပိုမိုကြိုးပမ်းဖို့လို click 
  •  EU နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ မြန်မာအစိုးရပေါ် မူတည် click 
  •  အီးယူအဖွဲ့ မြန်မာခရီးစဉ် ပြီးဆုံး click 
  •  ဒေါ်အောင်ဆန်းစုကြည် EU အဖွဲ့နှင့် တွေ့ (ရုပ်သံ) click 
  •  အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click 
  •  အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဟုဆို click 
  •  အနောက်ဗာဂျီးနီးယားပြည်နယ်၊ မိုးဖီးမြို့က မြန်မာမိသားစုများက စု (၆၆) မွေးနေ့ ကျင်းပ click
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ EU အဖွဲ့ တွေ့ဆုံ click 
  •  EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး click 
  •  EU ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး click 
  •  အီးယူ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ click 
  •  EU ရှင်းလင်းပွဲသို့ သတင်းဌာန (၄) မျိုးသာ တက်ခွင့်ရ click 
  •  အီးယူခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်မလဲ click         
  •  အာဇာနည်နေ့ အခမ်းအနား အဖွဲ့ချုပ် စည်ကားစွာ ကျင်းပမည် click 
  •  အမေရိကန်ကွန်ဂရက်သို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပို့ click 
  •  ချင်းမိုင်မြို့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ (ရုပ်သံ) click 
  •  ဂျပန်ရောက်အင်အားစုများမှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် သွေး လှူခြင်းနှင့် ငါးလွှတ်ပွဲ ကျင်းပ click

Read more »

ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး တကယ်မသိသေးသောလူငယ်များနှင့် တပ်မတော်ထဲရှိ သူမအား ဝေဖန်သောသူများ၏ မေးမြန်းချက်များကို မိမိလေ့လာမိသလောက် ဖြေကြားထားချက်


ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သတ်ပြီး တကယ်မသိသေးသော လူငယ် များနှင့် တပ်မတော်ထဲရှိ သူမအား ဝေဖန်သောသူ များ ၏ မေးမြန်း ချက်များကို မိမိလေ့လာမိ သလောက် ဖြေကြား ထားချက် များဖြစ် ပါ သည်..။ယခုအချိန်အတွင်းပေါ်ပေါက်နေသော ရုရှားရောက် ပြည် သူ့ လစာ စားနေရသော အရာရှိငယ်များ ဟု ယူဆသူ များက သရော် ထားသောmovieဖိုင်ကြောင့်လူငယ် များ ဒေါ်အောင် ဆန်းစုကြည် အပေါ် အမြင်စောင်းမည်စိုးသဖြင့်ယခုအချက်အလက်များဖြင့်ပြန်ချေ ပဖော်ပြခြင်းဖြစ်ပါသည်။
နံပါတ် (၄) အထိ အမေးအဖြေများမှာ ၂၀၁၁ နိုဝင်ဘာအတွင်း က ဖြစ် သဖြင့် ယခုနံပါတ် (၅) အချက်ကို ထပ်မံဖြည့် စွက်ပြီး ပြင် ဆင် ထား ပါ သည်။

   Kaung Myat

ကျွန်တော်က နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့် နိုင်ငံရေးကို ခုမှစိတ်ဝင်စားတဲ့ သူပါ..ဗိုလ်ချုပ်အကြောင်း ကိုတော့ကောင်းကောင်းကြီး သိရှိနားလည်းထားပါတယ် ဒါပေမဲ့ ဒေါ်စုရဲ့အကြောင်းကိုတော့ သေချာ မသိသေးပါဘူး သူ့အကြောင်းကို သိတဲ့ သူများရှိရင် ကျွန်တော်သိချင်တဲ့ ကြောင်းလေးတွေ ကို ကျေး ဇူးပြုပြီးဖြေပေးကြပါလား

(၁) ဒေါ်စု ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘာကြောင့် ရခဲ့တာပါလဲ

(၂) သူက ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပါသလဲ

(၃) အစိုးရကို မကြိုက်တာနဲ့ ပြည်သူတွေကို ထိခိုက်အောင် စီးပွားရေးပိတ်ဆို့မှုတွေ ဘာ့ကြောင့် လုပ်ခဲ့ တာ ပါလဲ

(၄)နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးရဲ့ သမီးအနေနဲ့ဘာ့ကြောင့် နိုင်ငံခြားသားကို လက်ထပ်ခဲ့တာလဲ

(၅)သူမက ဘာ့ကြောင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်သင့်တာလဲ (ဗိုလ်ချုပ်သမီးဖြစ်လို့လား)

ကျေးဇူးပြုပြီး ကျွန်တော်သိချင်တာလေးတွေကို ဖြေပေးကြပါလားခင်ဗျာ........

Read more »

Saturday, April 21, 2012

21 april 2012

  • နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည် click

Read more »

Friday, April 20, 2012

နှစ်ဆန်း၁ရက်

Published on Apr 19, 2012 by
ဒေါ်အောင်ဆန်းစုကြည် မြန်မာနှစ်ဆန်းမှာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို ဂါရ၀ပြု
မြန်မာနှစ်ဆန်း ၂ ရက်နေ့ နေ့လည် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော သက်ကြီးပူဇော်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ က သခင်သိန်းမောင် ၊ သခင်သိန်းဖေ ၊ သခင်ချန်ထွန်း ၊ ဦးတင်ဦး ၊ ဦးဝင်းတင် တို့အပါအ၀င် ၀ါရင့်နိုင်ငံရေးသမားကြီး အယောက် ၃၀ ကို ဆေးဝါး ၊ အ၀တ်အစားတွေ နဲ့ ကန်တော့ခဲ့ကြပါတယ်။ တဆက်ထဲမှာလည်း အဖွဲ့ချုပ်အဖွဲ့ဝင်တွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ကြပါတယ်။

Read more »

Saturday, April 14, 2012

သင်္ကြန်

Read more »

The Center for Southeast Asian Studies of Kyoto University

Demo Waiyan
ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှာ အမေစု နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့တဲ့ အဆောင်ကို ဒီမိုဝေယံနဲ့ သူငယ်ချင်း (၂)ဦး ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့က သွားရောက် လေ့လာခဲ့ပါတယ်..။ အမေစုရဲ့ နေထိုင်ခဲ့တဲ့ အဆောင်အခန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ထဲက ပုံတွေကို မှတ်တမ်းတင်ခွင့်ရခဲ့တယ်...။ အဲ့ဒီအထဲက ဓာတ်ပုံ အချို့ကို အားလုံးကြည့်ရှုနိုင်ရန် ပြန်ဖော်ပြလိုက်တယ်..။ အားလုံး ဒီနေရာမှာ ဆောင်းပါးနဲ့ http://www.demowaiyan.org/2010/07/blog-post_12.html
 ဒီမှာ ကျွန်တော် မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ ပုံတွေ ကြည့်ရှုနိုင်ပါတယ်..။ https://picasaweb.google.com/109255525006943086316/AMAYROOMKTUNIVERSITY
 #ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ကနေ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ အဆိုပါအဆောင်မှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။

Read more »

British PM's Historic visit to Myanmar (CNN)

Read more »

Read more »