၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြင့်ခဲ့တဲ့ ဘရစ်တိန်နိုင်ငံ Glasgow မြို့ လွတ်မြောက်ခြင်းဆုကို လူကိုယ်တိုင်လာရောက်ယူဖို့ ဆုပေးရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီဆုအတွက် ၂၀၀၇ ခုနှစ်မှာ ရွေး ချယ်ခဲ့ပြီး ၂-နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ဆုပေးပွဲကျင်း ပခဲ့တာဖြစ်ပါ တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ဘရစ်တိန်နဲ့ နော်ဝေး နိုင်ငံ တွေကို ခရီးသွားမယ်လို့ သိရတာကြောင့် Glasgow မြို့ ကို လာရောက်ပြီး လူကိုယ်တိုင်ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်က ဆုပေးရေးအဖွဲ့အကြီးအကဲတဦးဖြစ်တဲ့ Bob Winter က ဒေါ်အောင်ဆန်းစုကြည်ဟာ မဟတမ္မ-ဂန္ဒီနဲ့ ဒေါက်တာ-မာတင်လူသာကင်းတို့လို အကြမ်းမဖက်တဲ့ ငြိမ်း ချမ်း ရေးလမ်းစဉ်ကို ကျင့်သုံးသူတဦးဖြစ်တာကြောင့် ဆုပေးဖို့ရွေးချယ်ခဲ့တာဖြစ်ကြောင်း The Herald သတင်းမှာ ရေးသားထားပါတယ်။
0 comments:
Post a Comment