Monday, April 30, 2012

“ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ”

Lun Swe
‘ရရင်ရ မရရင်နေ’ ဆိုတဲ့ NLD ရဲ့ လက်သုံးမူအတိုင်း ကျမ်းကျိန်စာသားပြင်ဆင်ရေး တောင်းဆိုလို့ မရတဲ့အဆုံး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဒီလိုပဲဖြစ် လာမယ်လို့ မျှော်လင့်ပြီးသားမို့ ထူးပြီး မအံ့သြမိပါ။


“အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်” လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အလျှော့ပေးတာလား၊ မရှက်တတ်တာလား၊ လေးဘက်ထောက်တာလား ကျနော့်အနေ နဲ့ စိတ်မ၀င်စား ရိုးအမှန်ပါ။

ဒါပေမယ့်‘ရရင်ရ မရရင်နေ’ဆိုတဲ့မူကို NLD ကျင့်သုံးနေ တာ ဒီတကြိမ် နောက်ဆုံးဖြစ်ပါစေလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ‘ရရင်ရ မရရင်နေ’ ဆိုတဲ့မူကို NLD ခေါင်းဆောင်တွေ မျက်နှာပူ ရကောင်း မှန်းမသိဘဲ အကြိမ်ကြိမ် ဆက်ကျင့်သုံးနေရင် ကြာလာ တာနဲ့အမျှ ကြံ့ဖွတ်ကလည်း ဟား၊ ပြည် သူ က လည်း မလေးစား ဆိုတာမျိုး ဖြစ်လာပြီး လွှတ်တော်တွင်းမှာ ရှေ့ဆက်အလုပ်လုပ်ရ သိပ်ခက်သွားမှာကို စိုးလို့ပါ။

နောက်တခုက NLD တောင်းလိုက် မရလိုက်နဲ့ အခုလို မကြာခဏ အရှက်တကွဲ အကျိုး နည်းဖြစ်နေ ရခြင်းဟာ NLD ကို မျက်စိစုံမှိတ် တခဲ နက် ထောက် ခံ အားပေးတဲ့ ပြည်သူလူထုကိုပါ အရှက်ခွဲသ လို ဖြစ်ဖြစ်နေတယ်လို့ ခံစားရလို့ပါ။

ဒါကြောင့် နောင်မှာ “ရရင်ရ မရရင်ချ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းမူအတိုင်း လုပ်နိုင်လုပ်ရဲမယ့် plan ရှိမှ သာတောင်းဆိုတဲ့အလုပ်ကိုလုပ်ကြပါလို့NLDခေါင်းဆောင်တွေကိုပထမဆုံးနဲ့နောက်ဆုံး အကြိမ် မေတ္တာ ရပ်ခံလိုက်ရပါတယ်။

3 comments:

  • DASSK says:
    April 30, 2012 at 2:12 PM

    ခွန် ဒီးယမ် မဟော်သဓာ ရဲ့ သားတရားစီရင်ခန်းကို ဒေါ်စုသိပါတယ် နောက်ဆုံးတော့အမေအရင်းက သူ့ရင်သွေးကို ဘီလူးလက်ထဲပါပေမဲ့လက်လွှတ်လိုက်ရတာပါ...
    4 hours ago · Like · 3
    အုပ် စိုး ကြီး ကျွှန်တော်တွေးမိတယ် အာရပ်ကိုအားကျပြီး လေအေးပေးစက်နဲ့ ကွန်ပျူတာစက်ရှေ့မှာအားပေးချင်ပုံရတယ်
    4 hours ago · Like
    အုပ် စိုး ကြီး နောက်ပိုင်းဒီလောက်မလွယ်တော့ဘူးထင်တယ်
    4 hours ago · Like
    Aung Naing Moe ဒေါ်စုကို အမေတော်ရမှာ လန့်လိုက်တာ။ ဘီလူးမနဲ့များ သားလု ကြရင် ချက်ချင်းလွှတ်ပေးလိုက်မှာ။ ဘီလူစားတာတော့ မခံချင်ပေါင်။
    4 hours ago · Like · 3
    အုပ် စိုး ကြီး နိုင်ငံရေးနဲနဲဝမ်းစာများများဖြစ်နေတဲ့အတွက်ပါ
    4 hours ago · Like
    ခမ်း မွန် ကစ် ဟား...ဟား...ဖတ်လို့ကောင်းတယ်ဟေ့..မိန်းမတစ်ယောက်အကြောင်းကို ယောက်ျားဘသားလူအများက အခုလိုပဲ ဆက်လက် ဝေဖန်ထောက်ပြပေးကြပါ မဟာပညာကျော် စာပေးစာပြန်ဘလော့ဂါတို့ခင်ညား...
    4 hours ago · Like · 4
    Ko Watote အမုစေတို့အုပ် ဒူးခေါင်း ဒီလောက်ပျော့မှန်းသိတဲ့နောက် လွှတ်တော်ထဲ ညှင်းလို့ကောင်းပြီပေါ့။ ဒီကနေ့ အဖြစ်အပျက်အတွက် လေးနက်တဲ့ သင်ခန်းစာ တခုကတော့ အောက်ပါအတိုင်း ဖြစ်တယ်။ စစ်အုပ်စုက သူတို့ အဝန်းအဝိုင်း ကွက်ကွက်လေးက လွဲပြီး တိုင်းရင်းသားတွေ အပါအဝင် တနိုင်ငံလုံးက ပြည်သူတွေကို မတရား အနိုင်ကျင့် ဂုတ်သွေးစုပ်ဖို့ ရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ဒူးပျော့ အမုစေကို အားမကိုးကြနဲ့တော့။
    4 hours ago · Like · 6
    ယမကာ လုလင် မင်းပြောတဲ့ စကားပြောတွေ မင်းပေးတဲ့ ကတိတွေ ယုံစားမိလို့တော့ မှားမယ်နော် (ဝိုင်းစုခိုင်သိန်း)
    37 minutes ago · Like
    4 hours ago · Like
    အုပ် စိုး ကြီး အော်။။ရုရှားကစစ်ဗိုတွေလိုဘဲ ဗိုလွမ်းဆွေမှာလည်း လူမိုက်ဗိုတွေနဲ့
    4 hours ago · Like · 1
    အုပ် စိုး ကြီး ၃၆လမ်းရှမ်းရိုးရာ ကိုခိုင်ဆိုင်မှာ မောင်ချောနွယ်နဲ့အတူ ခင်ဗျားနဲ့ဆုံခဲ့တုန်းက ဒီပုံစံမျိုးမဟုတ်ဘူးဗျာ
    4 hours ago · Like
    Elaine Marie Allan She does not look like she is getting enough rest. She also looks like she is having to hurriedly shower when what she needs is a nice scented bubble bath. Is someone bringing her fresh fruit every day? Is she drinking enough water? Is she eating some fruit? and some fish? Is she taking vitamins? Gee whiz, you guys need to take good care of her.
    4 hours ago · Like · 4
    အုပ် စိုး ကြီး အမေစုကိုအမေမတော်ခင်က အောင်သိန်းမိုးမှာအမေရှိပြီးသားပါ သာမယ့်အမေ အလိုလိုက်မယ့်အမေ သားပြောသလိုလုပ်မယ့်အမေ
    4 hours ago · Like
    ခမ်း မွန် ကစ် ကိုယ်ချင်းစာနာ လူစိမ်းသူစိမ်းတွေက လူမျိုးခြားတွေက နေစရာပေးထားတဲ့ ဒုက္ခသည်စခန်းကို လာလည်ပြီး ထောက်ပံ့ကြေးဘယ်လောက်ရတယ် ဘယ်လို သုံးတယ်ဆိုတာ လေ့လာရအုံးမယ်ဗျာ ဗဟုသုတရအောင်ပါ..
    4 hours ago · Like

  • DASSK says:
    April 30, 2012 at 2:14 PM

    Seng Aung Latt အခြေအနေတစ်ခုပဲ ခုမှအစပြုရသေးတယ် ဘယ်သူက ဘယ်လို လူတွေလည်းဆိုတာ comment ရေးတဲ့အပေါ်မှာ ကြည့်ပြီး စဆုံးဖြတ်လို့ရနေပြီ။ မိတ်ဆွေ သင် Positive thinking လား Negative ဖြစ်မှန်းမသိ ဖြစ်နေပြီလား ?
    ကိုယ့်မျက်စိထဲက အမှိုက်စကို အရင်ထုတ်ဖို့ မကြိုးစားဘဲ သူတစ်ပါးမျက်စိတွေထဲက အမှိုက်စကို အရင်စလိုသွားထုတ်ဖို့ ကြိုးစားနေသူလား ?
    4 hours ago · Like · 3
    Aung Naing Moe ဟိုတနေ့က ဖွတ်ကောင်ရေ တထောင်အားရှိတဲ့ ကိုရီးယားကားမကြိုက်သော တောင်ပို့ကြီး။
    ဧပြီလ ၃၀ ရက်နေ့မှာတော့ ဖွတ်ကောင်ရေ တသန်းအားရှိတဲ့ တောင်ပို့ကြီး။
    “ဖွတ်တသန်းမျှ
    .ထွက်လာပြလည်း
    ငါ့တောင်ပို့ငါ
    ကိုးကွယ်ပါမည်
    ဘယ်သူ့သောက်ပူ ပါသနည်း....
    ...................ဆိုတဲ့ တောင်ပို့ကိုးကွယ်သူတွေကလည်း မရှား။ အို.... အသင်လောက။
    4 hours ago · Like · 5
    Lin Htin ဒီ နိုင်ငံရေးမီးယပ်ကျိုးကြီးဆီက ငါ ဘာမှ မမျှော့်လင့်ဘူး။
    4 hours ago · Like · 2
    ခွန် ဒီးယမ် Seng Aung Latt အခြေအနေတစ်ခုပဲ ခုမှအစပြုရသေးတယ် ဘယ်သူက ဘယ်လို လူတွေလည်းဆိုတာ comment ရေးတဲ့အပေါ်မှာ ကြည့်ပြီး စဆုံးဖြတ်လို့ရနေပြီ။ မိတ်ဆွေ သင် Positive thinking လား Negative ဖြစ်မှန်းမသိ ဖြစ်နေပြီလား ?
    ကိုယ့်မျက်စိထဲက အမှိုက်စကို အရင်ထုတ်ဖို့ မကြိုးစားဘဲ သူတစ်ပါးမျက်စိတွေထဲက အမှိုက်စကို အရင်စလိုသွားထုတ်ဖို့ ကြိုးစားနေသူလား ? >> LIKE IT ...
    4 hours ago · Like · 1
    အုပ် စိုး ကြီး ဝမ်းစာနိုင်ငံရေးကအရမ်းပွင့်လင်းတဲ့ နိုင်ငံရေးအခြေအနေကိုကြောက်နေတယ် နေရာ လုပ်ပိုင်ခွင့် မိမိအနေနဲ့ယုံကြည်ရာတစ်ဝက်အတွက် အမှန်တရားတစ်ဝက် ဝမ်းစာအတွက် ခိုင်းစေရာအတွက် လုပ်ကြံမှု့တစ်ဝက် အကြာကြီးမမျော်လင့်ပါနဲ့ဗျာ အရင်က ကိုယ်လွမ်းဆွေကိုကျေးဇူးတင်ပြီးဖတ်ဘူးတယ် ကိုယ်ပိုင်သတင်းဌာနမရှိဘဲ အခြားသတင်းဆိုဒ်တွေဆီကမျှဝေပေးတာ ဖတ်ဘူးခဲ့တယ်
    4 hours ago · Like
    အုပ် စိုး ကြီး အခုတော့ဂိုးပြီကိုလွမ်းဆွေရေ အခုလုပ်နေတဲ့နိုင်ငံရေးက ခင်ဗျားအတွက်လားတိုင်းပြည်အတွက်လား
    4 hours ago · Like · 1
    Yar Zar စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့.......လို့ပဲမှတ်ပါ ညီလေးရာ...စိတ်လျော့.....စိတ်လျော့.....
    4 hours ago · Like · 1
    အုပ် စိုး ကြီး အကောင်းမြင်နဲ့အဆိုးမြင်ဆိုတာ ဘေးမြင်ပါ အကောင်းရောအဆိုးပါခံစားနေရတဲ့သူတွေနဲ့အတူပူးပေါင်းပြီး အဖြေရှာပေးကြပါ စကားလုံးနိုင်ငံရေးထဲမှာအိပ်ငိုက်မနေကြပါနဲ့
    4 hours ago · Like

  • DASSK says:
    April 30, 2012 at 2:15 PM

    ခွန် ဒီးယမ် James Mmt
    ဘာတွေလည်းကွာ...... ခွေးတွေလိုပဲ ခွေးတွေမှ မဲမဲမြင်ရာ အတင်းလိုက်ဟပ်နေတဲ့ ခွေးရူးတွေပဲ......... ငြိမ်နေတော့လည်း ငြိမ်နေလို့၊ လူမှုရေး အဖွဲ့ ထောင်တော့လည်း ထောင်လို့.... ရွေးကောက်ပွဲ မ၀င်ခင်ကလည်း မ၀င်ခင်အလျောက်၊ ၀င်ပီးတော့လည်း ၀င်ပီးတော့အလျောက်၊ ဟော လွှတ်တော် တက်ရေး မတက်ရေး..... သူ့အလုပ် သူလုပ်နေတာတောင်မှ တရစပ်ကို အပြစ်ပြော အပုတ်ချ အားရပါးရကို ပြောနေလိုက်ကြတာ လမ်းဘေးက ခွေးဝဲစားသာသာ အတွေးအခေါ်တွေနဲ့ ဒါလား ပညာတတ်တွေလို့ မေးရမယ့် ကိန်းပဲ.......
    4 hours ago · Like · 2
    Jhango Win ဒုက္ခဘဲ - သန်းရွှေကတဟားဟား၊ သိန်းစိန်ကတပြုံးပြုံး၊ ကျပ်ဖွတ်ကတအုံးအုံး၊ too bad ... :C
    4 hours ago · Like
    Ko Thantun ဒေါ်စုက သမ္မကြီးနဲ့တွေ့စဉ်တုံးက သူပြောဖို့ကျန်နေခဲ့တာကို အခုမှ ဝန်ခံတာဟာ ရိုးသားမှုမရှိဘူးလို့ဘဲမှတ်ယူရပါမယ် အစောကြီးကထဲက သူဝန်မခံခဲ့လို့ နိုင်ငံရေးလောကမှာ ပွက်လောညံခဲ့ပြီးပြီ နောက်တစ်ခုက ပြည်သူကိုကတိတွေမပေးဘူး နောက်ကျရင်ပေးထားတဲ့ကတိအတိုင်း ကျွန်မတို့လုပ်မပေးနိုင်ရင် အပြော်တစ်မျိုး အလုပ်တမျိုးလို့ အပြောမခံနိုင်ဘူး ဆိုပြီး ရွေးကောက်ပွဲင်္မဲဆွယ်စည်းရုံးတဲ့အခါမှာပြောခဲ့တယ် ဇယား ၄ကိစ္စ ကိုတော့ ပြည်သူကို ကတိတွေပေးထားလို့ လုပ်တာပါပြောပြန်တယ် နောက်တစ်ခုက အလျှော့ပေးတယ်ဆိုတဲ့စကားလုံး ဒီစကားလုံး ဟာ သူပြောရမှာမဟုတ်ဘူး လွှတ်တော်ပြင်ပမှာလုပ်လို့မရတာကို သိလျှက်နဲ့လား မသိခဲ့လို့လား မသ်
    4 hours ago · Like · 2
    Ko Thantun ဆိုတာကိုတော့ကာယကံရှင်တွေပဲသိမယ့်ကိစ္စပါ ဒါကို အပြင်ကနေပြင်ပေးပါ မပြင်ပေးရင်လွှတ်တော်မတက်ဘူး လို့ဆုံးဖြတ်ခဲ့တာ က လမ်းစဉ်းအမှားဆိုတာကို ဝန်ခံခဲ့ပြီ ကျုပ်အနေနဲ့ ပြင်ပေးပါဆိုတာကို လက်ခံလို့ရတယ် မပြင်ပေးရင် လွှတ်တော်မတက်ဘူးဆိုတာကိုလုံးဝလက်ခံလို့မရဘူး နောက်ပြီး လူကြားကောင်းအောင်ပြောသံတွေပေါ့ ဒူးမထောက်ဘူးဆိုတာ အခုဘယ်လိုဆုံးဖြတ်ချက်ချရသလဲ ပြီးတာတွေပြီးပါစေတော့လေ နောက်လာမဲ့ လွှတ်တော်နဲ့ တိုင်းပြည်အတွက်အလုပ်လုပ်ကြတဲ့နေရာမှာ ဒီလို အပြောကျွံ တာမျိုးတွေကို ရှေင်နိုင်ပါမှ nld ရပ်တည်ဖို့ အခြေအနေကောင်းပေလိမ့်မယ်
    4 hours ago · Like · 2
    Aung Naing Moe အို...အချင်းတို့....
    ကိုယ်ကကျူးလျှင် ကိုယ့်ဒူးကိုတောင် မယုံကြလင့်။ ဒူးခေါင်းတို့ မည်သည်မှာ ယနေ့ မာပင် မာသော်ငြား နောက်တနေ့တွင် ပျော့တတ်သော သဘောသဘာဝရှိကုန်၏။
    4 hours ago · Like · 4
    Aung Naing Moe ဤကား အမုစေနီတိ ပင်တည်း...း))
    3 hours ago · Like · 3
    Ko Thantun အမျိုးသားရင်ကြားစေ့ေ၇းလို့ လူကြားကောင်းအောင်အော်နေပေမဲ့ လက်တွေ့မှာတော့ တမတသားကိုယ်စားလှယ်တွေကို ပြသနာရှာ ကြံ့ခိုင်ရေးအမတ်တွေကို ပြသနာရှာ နဲ့ ရလိမ့်အုံးမယ်သောက်ကြိုးနဲ သင့်မြတ်ရေး
    3 hours ago · Like · 1
    အုပ် စိုး ကြီး ကိုသိန်းထွန်းပြောသလိုဆို လွှတ်တော်ထဲဝင်ပြီး တစ်မတ်သားနဲ့ ကြံ့ခိုင်ရေးကိုလက်ခုပ်တီးပေးရမှာလား ခင်ဗျားပုခုံးပေါ်မှာကြယ်ပွင့်တွေများရှိနေလား
    3 hours ago · Like
    Seng Aung Latt မိတ်ဆွေ သင် ဘယ်လို လူစားမျိုးလဲ ?

    တို့တွေရဲ့ သမိုင်းဝင် လွတ်လပ်ရေးဖခင်ကြီးရဲ့ မှတ်ချက်ချ စကားသံကတော့ ဒီနေ့ထက်ထိ မှန်ကန်နေလေရဲ့။ ဒါကိုကြည့်ခြင်းအားဖြင့် တို့တွေ ပြင်သင့်ရဲ့သားနဲ့ မပြင်ဘဲ ဆက်လက်မွေးမြူထားတဲ့ Attitude၊ Character တွေ ခုထိ နှစ်ချို့နေလေရဲ့။

    "ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ၊ ဒီစကားဟာ ဒီနေရာမှာသုံးဖို့ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်ဟာ မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး ဗမာ ဗမာချင်းချဖို့မှာလုပ်ချင်တယ်၊ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနနလွတ်လပ်ရေး မဖြစ်နိုင်ဘူး။"

    - ဗိုလ်ချုပ်အောင်ဆန်း
    ၁၉၄၇ ဇူလိုင်လ (၁၃) ရက်
    ပြည်သူ့အစည်းအဝေးကြီး
    မြို့တော်ခန်းမကြီး
    3 hours ago · Like · 2
    Htin Linoo နိုင်ငံရေးဆိုတာ သူတစ်ဖက်သားကို ပုတ်ခတ်ဝေဖန်ရုံလောက်သာသိတဲ့လူတစ်ယောက်ရဲ့ post မှာ comment ပြန်ရေးရတာလည်း ဒါနောက်ဆုံးဖြစ်ပါတယ် ၊ နိုင်ငံရေးမှာ အခင်းအကျင်းဆိုတာရှိတယ် အပြင်အဆင်ဆိုတာရှိတယ် ၊ တောင်းဆိုမှုဆိုတာရှိသလို လိုက်လျောမှုဆိုတာရှိတယ် ဘာတစ်ခုမှလည်းနားမလည် ရေးချင်တာဘဲသိတယ် ပုတ်ခတ်ဝေဖန်ရရင် ကျေနပ်နေတဲ့သူတွေရေ ဒေါ်အောင်ဆန်းစုကြည်ထမီအောက်နားစ မှာ ကပ်ပါလာတဲ့ အမှိုက်တစ်စလောက်မှ တန်ဖိုးမရှိပါလား
    3 hours ago · Unlike · 4
    ဂါ မဏိ သန်းရွှေကြီးကတော့ တကယ်တော်တဲ့ခွေးကြီးဘဲ
    3 hours ago · Like
    Han Tun Lwin “ရရင်ရ မရရင်ချ” ?? why not you come out and fight @lun swe
    3 hours ago · Like

Post a Comment