skip to main
|
skip to sidebar
Log In
DASSK'S DIARY
Home
Blog Archive
▼
2012
(36)
►
May
(4)
▼
April
(32)
၃၀ ဧပြီ ၂၀၁၁
Tu Maung Nyo – မှတ်မှတ်သားသား မှတ်တမ်းတင်ပါတယ်
ခေါင်းဆောင်နောက်မှာ မားမားမတ်မတ်ရပ်ကြပါ
NLD decision to go for parliament - DVB 30.04.2012
“ပြည်သူလူထုကိုပါ အရှက်ခွဲသလို ဖြစ်ဖြစ်နေ”
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ေ...
မင်းတကိုယ်ထဲလျှောက်ပေတော့(ဒေါ်အောင်ဆန်းစုကြည်)
29 april 2012
‘အကယ်၍’
28 April 2012
Daw Aung San Suu Kyi with Chief EU Foreign press c...
ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မ...
လုပ်ထုံးလုပ်နည်းအခက်အခဲဖြစ်သာရှုမြင်
Daw Aung San Suu Kyi went Yangon Hospital
ခြံအမှတ်(၅၄)မှ သမိုင်းဝင်ခြေလှမ်းများ
No title
ဘရစ်တိန်နိုင်ငံ Glasgow မြို့ လွတ်မြောက်ခြင်းဆု
ဒီမိုကရေစီမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်
24 April 2012
23 April 2012
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ဒီမိုကရေစီ” အဓိပ္ပါယ်
22 june 2011
ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သတ်ပြီး တကယ်မသိသေးသောလူ...
22 april 2012
ဒေါ်စုအကြောင်းသောင်းပြောင်းထွေလာ
21 april 2012
နှစ်ဆန်း၁ရက်
19 April 2012
သင်္ကြန်
The Center for Southeast Asian Studies of Kyoto Un...
British PM's Historic visit to Myanmar (CNN)
No title
►
2011
(67)
►
November
(1)
►
June
(13)
►
May
(5)
►
April
(6)
►
March
(6)
►
February
(8)
►
January
(28)
►
2010
(54)
►
December
(31)
►
November
(23)
►
1989
(2)
►
July
(1)
►
April
(1)
►
1988
(3)
►
August
(2)
►
April
(1)
►
1975
(2)
►
April
(2)
►
1970
(9)
►
December
(1)
►
May
(1)
►
April
(7)
Powered by
Blogger
.
Wednesday, April 25, 2012
ခြံအမှတ်(၅၄)မှ သမိုင်းဝင်ခြေလှမ်းများ
at
6:16 PM
Posted by
DASSK
by
7Day News Journal
on Wednesday, 25 April 2012 at 06:14 ·
ဧပြီ ၁၃ရက် ပူစပ်စပ် ညနေ ခင်းနေရောင်အောက် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ အေးအေး လူလူ စကားပြောရင်း လမ်းလျှောက်နေသည်။ အင်္ဂလန်နိုင်ငံ ဒေါင်းနင်း လမ်းအမှတ်-၁၀ တွင် နေထိုင်သော ဒေးဗစ်ကင်မရွန်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းဥယျာဉ်ထဲ လမ်းလျှောက်ရင်း စကားစမြည် ပြောနေခြင်းဖြစ်၏။
လွန်ခဲ့သည့် တစ်နှစ်ကျော်ကဆိုလျှင် ထိုမြင်ကွင်းမျိုး လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူ မျှတွေးထင်ထားမည်မဟုတ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၁၉၄၈ ဇန်န၀ါရီ ၄)နောက်ပိုင်း ဒေးဗစ်ကင်မရွန်း၏ ယခုခရီး စဉ်မှာ ဗြိတိန် ၀န်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင် ငံရေးပြုပြင်ပြောင်း လဲမှုများက ဗြိတိန်ဝန်ကြီးချုပ်၏ သမိုင်းဝင် မြန်မာခရီးစဉ်ပေါ်ပေါက်လာရ ခြင်း၏ အကြောင်းရင်းတစ် ခုဖြစ် ကြောင်း ဒေးဗစ်ကင်မရွန်းကပြောသည်။
ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့ ဆက်တိုက်သွားရောက်ခဲ့ပြီး ဧပြီ ၁၃ ရက် မွန်းတည့် တွင် မြန်မာနိုင်ငံရောက်ရှိလာသော ဒေးဗစ်ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏နေအိမ်၌ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ရန်ကုန် မလာခင် စင်ကာပူမှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး နိုင်ငံတော်သမ္မ တဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံခေါင်းဆောင်များ အထူး ဂုဏ်ပြုနေ့လယ်စာကို အတူ တကွ စားသုံးခဲ့ကြသည်။ ထို တွေ့ ဆုံဆွေးနွေးမှုတွင် ဗြိတိန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့သော Spit-fires တိုက်လေယာဉ်အစီး ၂၀ ခန့်ပြန် လည်တူးဖော် ရန် သမ္မတဦး သိန်းစိန်နှင့် သဘောတူညီခဲ့သည်။
ဒေးဗစ်ကင်မရွန်းက ဒေါ် အောင်ဆန်းစုကြည်နှင့်အတူ ယှဉ်တွဲရပ်ခွင့်ရခြင်းနှင့်ပတ်သက်၍ ဧပြီ ၁၃ ရက် ညနေ ၅ နာရီ ၂၅မိနစ် ခန့်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ဖွင့်ဟပြောကြားသည်။“ကျေးဇူးတင်ပါတယ် ဒေါ် အောင်ဆန်းစုကြည်။ သည်နေရာ မှာ ခင်ဗျားနဲ့အတူ ရပ်ခွင့်ရတဲ့အတွက် အကြီးအကျယ်ဂုဏ်ယူမိပါ တယ်။ ခင်ဗျားရဲ့ အားထုတ်ရုန်းကန်မှု၊ ခင်ဗျားရဲ့ ရဲရင့်မှု၊ ခင်ဗျားရဲ့ ယုံကြည်တဲ့အရာတွေအတွက် သတ္တိရှိရှိရပ်တည်ခဲ့မှုများဟာ ဒီမို ကရေစီကို မြင်ချင်ကြတဲ့၊ လွတ်လပ်မှုကိုမြင်ချင်ကြတဲ့၊ လူ့အခွင့် အရေးကိုမြင်ချင်ကြတဲ့ ကမ္ဘာတစ် ၀န်းက လူအများကို စေ့ဆော်နိုင် ခဲ့ပါတယ်။ဒါ့အပြင် ဗြိတိန်နိုင်ငံက လူတိုင်းဟာလည်း ခင်ဗျားရဲ့ အားထုတ် ရုန်းကန်မှုကြောင့် စိတ်ကူးစိတ် သန်းတွေ နိုးကြားလာခဲ့ရပါတယ်”မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုလို ၍ ကမ္ဘာထိပ်တန်းခေါင်းဆောင်က မြန်မာနိုင်ငံ ရုတ်တရက်ရောက်ရှိ လာသည်ဆိုသော်လည်း သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ သုံးသပ်မှု မျိုးစုံရှိသည်။
“ဥရောပသမဂ္ဂနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ မဆုံးဖြတ်ခင် ဒေးဗစ်ကင်မရွန်ရဲ့ ခရီးစဉ်က ဗြိတိန်ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဥရောပသမဂအဖွဲ့မှာ ရှေ့မျက်နှာစာကို ထွက်လိုက်တာလို့ ထင်တယ်။ မြန်မာအရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ ရဲ့ ဦးဆောင်နိုင်ငံဖြစ် တယ်ဆိုတာ ပြလိုက်တဲ့ ခရီးစဉ်လို့ မြင်တယ်”ဟု မြန်မာနိုင်ငံ အကြောင်း သတင်းဆောင်းပါးများ နှစ် ကာလ ရှည် ရေးသားလာသောဝါရင့်နိုင်ငံ ခြားသား သတင်းထောက်တစ်ဦးက သုံးသပ်သည်။
ဗြိတိန်တို့မှာ ၁၉ ရာစုက (၁၈၂၄ ခုနှစ်) ပထမအကြိမ် မြန်မာနိုင်ငံအား ကျူးကျော်၍ အောက်ပိုင်းဒေသ အချို့ သိမ်းပိုက် ခဲ့သောအချိန်မှ စတင်ရေတွက် လျှင် နှစ်ပေါင်း ၁၀၀ကျော် ကိုလိုနီပြုခဲ့သော နိုင် ငံဖြစ်သော်လည်း ၂၁ ရာစုတွင် မြန်မာနိုင်ငံအတွက်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသော လူမှုရေး ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် အများဆုံးကူညီထောက်ပံ့သော နိုင်ငံဖြစ်နေသည်။ လာမည့်၎ နှစ်အတွင်းဗြိတိန်က မြန်မာနိုင်ငံအတွက် စတာလင်ပေါင် ၁၈၅ သန်း ကူညီ ပံ့ပိုးရန် သဘောတူကတိပြုထား သည်။ ၎င်းတို့က ပေးအပ်သော အကူအညီများ ကို မြန်မာအစိုးရသို့ တိုက်ရိုက်ကူညီပေးအပ် သည်မဟုတ်ဘဲ လူမှုရေးအဖွဲ့အ စည်းများမှတစ်ဆင့် ကူညီပေး အပ်ခြင်း ဖြစ်သည်။
ဧပြီ ၁၃ ရက်ညနေပိုင်းတွင် ဒေးဗစ်ကင်မရွန်က အီးယူနှင့် မြန်မာနိုင်ငံအတွက် အဓိကအ အရေး ကိစ္စဖြစ်နေသော ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍လည်းသူ၏အမြင်ကို အတိအလင်းထုတ်ဖော် သည်။ “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့တာတွေကို ဆိုင်းငံ့ (ရပ်ဆိုင်း) ထားသင့်ပါတယ်။ ရပ်ဆိုင်းတာပါ။ ရုပ်သိမ်းတာ မဟုတ် ပါဘူး။ ပြီးတော့လည်း ဒီလိုရပ် ဆိုင်းတဲ့ အထဲမှာ လက်နက်ကုန်သွယ်ရေး ပိတ်ပင်တားဆီးမှုကို မထည့်သွင်းဘူးဆိုတာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဗြိတိန်ဝန်ကြီးချုပ်နှင့် အမြင်တူညီနေသည်။ “အီးယူရဲ့ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုကို ရပ်ဆိုင်းဖို့ စိတ်ကူးကို ကျွန်မလည်း သဘော တူပါတယ်။ ဒီလိုရပ်ဆိုင်းပေးမှုဟာ သမ္မတနဲ့ ပြုပြင်ပြောင်းလဲ ရေးသမားတွေရဲ့ စွမ်းဆောင်မှုကြောင့် ပေါ်ထွက် လာခဲ့တာပါ။
ဒီလိုပြုပြင်ပြောင်းလဲမှုတွေကို မကြိုက်တဲ့သူတွေက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ဖို့၊ တားဆီးဖို့ ကြိုးစားရင် ပိတ်ဆို့အရေးယူမှုက ပြန်လာနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက ပြုပြင်ပြောင်းလဲရေးသမားတွေအတွက် ပိုပြီးအားသာချက် ရရှိစေမှာ ဖြစ် ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောသည်။
၎င်းတို့နှစ်ဦး သဘောတူ သည့်အတိုင်းပင် လူဇင်ဘတ်နိုင်ငံတွင် ဧပြီ ၂၃ ရက်က ဥရောပသမဂ္ဂ အဖွဲ့ ၀င် နိုင်ငံခြားရေးဝန်ကြီးများ က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို လက်နက် တင်သွင်းရောင်း ချမှုပိတ်ပင်းခြင်း မှအပ တစ်နှစ်ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။မြန်မာနိုင်ငံရှိ အဓိက စီးပွား ရေးအခွင့် အလမ်းများဖြစ်သော စွမ်းအင်၊ သတ္တုတွင်း၊ ငွေကြေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဏ္ဍများ တွင် ၀င်ရောက်လုပ်ကိုင်ခွင့်ရလိုသော စီးပွားရေးလုပ်ငန်းများတွင် ဗြိတိန်မှ လုပ်ငန်းများ လည်း ပါဝင်သည်။
ထို့ကြောင့် ဥရောပသမဂ္ဂရှိ စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏ ပြိုင်ဖက် အမေရိကန်လုပ်ငန်းရှင် များ ထက် လက်ဦး၍ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ခွင့်ရလိုနေကြောင်း လည်း ရိုက်တာ သတင်း ဌာနက ဒေးဗစ်ကင်မရွန်မြန်မာနိုင်ငံကိုလာရောက်မည့်ခရီးစဉ်အကြောင်း ရေးသားရာတွင် ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များ ပါလာ၍ မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှု လုပ်ကိုင်ရန် စိတ်ဝင်စားခြင်းမှာ ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ခု ဖြစ်နေသလားဟု ထင်ခဲ့ကြ သူအချို့လ ည်း ရှိသည်။ သို့သော် ခရီးစဉ်အတွင်း စီးပွားရေးနှင့်ပတ်သက် ၍ ဆွေးနွေးမှုမရှိခဲ့ကြောင်း လည်းသတင်း ရရှိသည်။
“မြန်မာနိုင်ငံဟာ သူမတူ အောင်ထူးခြားတဲ့ လူအများနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ။ အလွန်အင် မတန်မှ လှပ တဲ့နိုင်ငံဖြစ်ပါတယ်။ သည်နိုင်ငံဟာ အခုလောက်ကြီး ဆင်းရဲနွမ်းပါးမနေသင့်ပါဘူး။ သည်နိုင်ငံဟာ အာဏာ ရှင်စနစ် အောက်မှာ သည်လောက်အကြာ ကြီးထိခိုက်ခံစားမနေသင့်ပါဘူး””ဟု ဒေးဗစ်ကင်မရွန်က အာရှ၏ အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်ခဲ့ဖူးသော် လည်း ယနေ့ကမ္ဘာအဆင်းရဲဆုံး နိုင်ငံများစာရင်းဝင် ဖြစ်နေသော မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှတ် ချက်ပြုသည်။
“သည်နိုင်ငံက ကလေးသုံး ယောက်မှာ တစ်ယောက်ကအာဟာရဓာတ် ချို့တဲ့နေတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဆင်းရဲနွမ်းပါးမှုကြီးကလည်း ကြီးမားလှပါတယ်။ နိုင်ငံရေးတိုး တက်မှုအတွက်သာ မကဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဗြိတိန်နိုင်ငံအနေ နဲ့ဆောင်ရွက် သင့်တဲ့အကြောင်းကျွန်တော် အခိုင်အမာ ပြောလို ပါတယ်”
ယနေ့ မြန်မာနိုင်ငံတွင် အလာအလားကောင်းသော ပြောင်းလဲမှုများဖြစ်ပေါ်နေပြီး၊ဗြိတိန်ကဲ့သို့ ကျန် ကမ္ဘာ့နိုင်ငံများကလည်း အသိအမှတ်ပြုတုန့်ပြန်ရန် လိုသည်။ တုန့်ပြန်ရာတွင်လည်း သတိရှိစွာဖြင့် တုန့်ပြန်ရမည်ဖြစ် ပြီး၊ အပြောင်းအလဲများတွင် မြန်မာနိုင်ငံ နောက်ကြောင်း ပြန် မလှည့်ရန်ယုံကြည် ချင်သောကြောင့်သံသယအမြဲရှိနေရမည် ဟု ဗြိတိန် ၀န်ကြီးချုပ်ကဆိုသည်။
သို့သော် မြန်မာအစိုးရက ကျန်ရှိနေသော ယုံကြည်ချက်အကျဉ်းသားများကို လွတ်မြောက် ပေးရန်၊ တိုင်းရင်းသားလက်နက် ကိုင်အချို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်မှန်သော နိုင်ငံရေး အရ ဖြေရှင်း ရန်လည်း ၎င်းက တိုက်တွန်းသည်။ ၂၀၁၅ ရွေးကောက်ပွဲ ကို စောင့်မျှော်ကြည့်ရှုနေကြောင်း ဆက်ပြော သည်။ ဧပြီ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒုတိယအကြိမ်တွေ့ဆုံခဲ့သော ဒေါ်အောင် ဆန်းစုကြည်က ဗြိတိန်ဝန်ကြီးချုပ် ၏ မြန်မာခရီးစဉ်မှာ သင့်မြတ်လှသောအချိန် တွင် ရောက်ရှိ လာခြင်းဖြစ်ကြောင်း ပြောသည်။ ဒီမိုကရေစီ အရေးအတွက်အပါအ၀င် မြန်မာနိုင်ငံအတွက် ဗြိတိန်၏ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူး တင်ကြောင်း ဧပြီ ၁ ရက် ကြား ဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိခဲ့သော သူမက ဆက်ပြောသည်။
ကင်မရွန်းက သူမကို လာမည့်ဇွန်လတွင် ဗြိတိန်သို့ လာ ရောက်လည်ပတ်ရန် ဖိတ်ခေါ်သည်။ ဒေါ်အောင် ဆန်းစုကြည် မှာ ဧပြီ၁၂ရက်တွင် ပတ်စ်ပို့လျှောက်ထားနေပြီဖြစ်ပြီး ဇွန်လ တွင် ဗြိတိန် နှင့်နော်ဝေ သို့ နှစ်ပေါင်း၂၄နှစ်အ တွင်း ပထမဆုံးအကြိမ် ပြည်ပခရီး သွားရောက်မည်ဖြစ် သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်နှစ်ဦးမှာ ခြံနံပါတ် ၅၄ တွင် တစ်နာရီကျော် ကြား တွေ့ဆုံဆွေးနွေးပြီးနောက် မိနစ် ၂၀ ကျော်ကြာ သတင်းစာ ရှင်းလင်းပွဲကျင်းပ၍ သတင်း ထောက်များ၏ မေးခွန်းများကို အတူဖြေခဲ့ကြသည်။ ထို့နောက် ကင်းမရွန်မှာ စမ်းချောင်းမြို့နယ်ရှိ စစ်သချုင်းသို့သွားရောက်ပန်းခွေ ချ အလေးပြုသည်။ ညစားကို ရန်ကုန်ရှိ ဗြိတိသျှသံအမတ်နေ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကျွေးသည်။ ည ၁၀ နာရီ တွင် ရွှေတိဂုံစေတီတော် သွားရောက်ဖူးမြော်ပြီးနောက် အထူး လေယာဉ်ဖြင့် ပြန်သွားသည်။
“ခင်ဗျားရဲ့ အားထုတ်ရုန်း ကန်ခဲ့ရမှု၊ ခင်ဗျားရဲ့ အံ့မခန်းတဲ့ ရဲစွမ်းသတ္တိ၊ ကမ္ဘာတစ်ဝန်းက လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ပိုမိုကြီး ကျယ်မြင့်မြတ်လှတဲ့ လူ့အခွင့်အရေးများကို မြင်လိုကြသူတွေ အားလုံး အတွက် ခင်ဗျားပြသခဲ့တဲ့အလင်းရောင်ကို စောင့်ကြည့်ခဲ့ရတာဟာ အင်မတန်မှ စိတ်ကူးစိတ်သန်းကောင်း များ နိုးကြားတက်ကြလာ စေခဲ့ပါတယ်လို့ ပြောရင်းနဲ့ အဆုံး သတ်ပါစေ ”ဗြိတိန် ၀န်ကြီးချုပ် က ဒေါ်အောင် ဆန်းစုကြည်နှင့်ပတ် သက်၍ နောက်ဆုံးမှတ်ချက်ပြု ပြောစကားဖြစ်၏။ တစ်ချိန်က ဗြိတိန်နိုင်ငံ မှ ခေါင်းဆောင် များက လေးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည် ကို ဒေးဗစ်ကင်မရွန်ကြည့်သောအကြည့်တို့၌ လေးစား၊ ချစ်ခင်မှုများ အတိုင်းသား တွေ့ရ၏။
အားမာန်
7 day news
0 comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
Popular Posts
14 nov 2010
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း လူ (၁) သိန်းခန့် တက်ရောက်နားထောင် click “ပြည်သူကို အကျယ်ချုပ်မချပါနဲ့” လူထုခေါင်းဆောင် ဒေါ်အောင်ဆန...
8 feb 2011
လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရ click တိုင်းနှင့် ပြည်နယ်မှ လူငယ် (၃၀၀) ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click အ...
5 jan2011
အနောက်ကိုတဲ့မျှော်ရင်း အရှေ့ကိုလျှောက်ပါလို့ (ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး ဘာသာပြန်) click
21 feb 2011
ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် click ဖိလစ်ပိုင်သံအမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click ...
13 dec 2010
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း တလပြည့်နေ့ အန်အယ်လ်ဒီအဖွဲ့ဝင်များ သွေးလှူ click မြန်မာ့ဒီမိုကရေစီရေးမှာ ကမ္ဘာလူငယ်များ ကူညီဖို့ ဒေါ်အေ...
1950
မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်အားထားရာ မိတ်ဆွေကြီး ဦးရာရှစ်အိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ် ၁၉၅၀ခုနှစ်ကျော်က လာရောက် လည်ပတ်စ...
6 jan 2011
ပါတီဖျက်သိမ်းမှု အယူခံလွှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး click
ဒေါ်စုကြည်ကား လွတ်မြောက်ပြီ၊ ယခု အသို့ဖြစ်လေသနည်း
by Dhamma Ganga on Monday, 15 November 2010 at 07:34 · ဒေါ်စုကြည်ကား လွတ်မြောက်ပြီ၊ ယခု အသို့ဖြစ်လေသနည်း “Whatever they do to me, tha...
၁၉၆၄ ခုနှစ် ဒေလီမြို့
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၆၄ ခုနှစ်က ဒေလီမြို့ Convent of Jesus and Maryအမျိုးသမီးကျောင်း တွင် ကျောင်းတက်နေစဉ် အိန္ဒိယကျောင်းသူများနှင့်အတူ ...
29 nov 2010
နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ click ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် တွေ့ဆုံ click ...
Blogroll
Labels
2010 dec
(31)
2010nov
(21)
2011 june
(13)
2011 may
(4)
2012
(4)
2012 april
(2)
8888
(2)
april 2011
(6)
april 2012
(2)
criticism
(5)
dassk
(173)
feb 2011
(8)
interview
(1)
jan 2011
(28)
letter
(1)
march 2011
(6)
memo
(2)
news
(1)
pc
(1)
photo
(5)
poem
(3)
video
(1)
ဗွီဒီယို
(7)
သတင်း
(1)
ဆောင်းပါး
(5)
0 comments:
Post a Comment