ဒီမိုကရေစီစနစ်ဆိုတာလူတိုင်းတစ်ယောက်နဲ့တစ်ယောက် လေးစားတဲ့စနစ်ပါဘဲ ။
(မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ၊ ၁၀. ၁၂ . ၈၈ )
ဒီမိုကရေစီစနစ်အောက်မှာ ဆိုလို့ရှိရင် အများစုရဲ့ သဘောတူညီချက်အရ အနဲစုကလုပ်ရတယ်ဆိုပေမဲ့ အနဲစုကို အများစုကအတိုက်အခံလုပ်တယ်၊ နှိပ်စက်တယ်၊ ညှင်းပမ်းတယ်၊ အမျိုးမျိုးအနှောင့်အယှက်ပေး တယ်ဆိုတာ လုံးလုံးမရှိရပါဘူး ။
(ကမာကေး ၊ ၁၇ . ၁၂ .၈၈ )
လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းပိုင်ဆိုင်ခွင့်ရှိတယ် ။ ကိုယ်တင်မဟုတ်ပါဘူး။ ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေးရှိရမယ် ။ အဲဒီတော့…တစ်နေ့ကျမတို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါ ကြရင်…ရှုံးတဲ့သူတွေဟာ သူတို့ရဲ့အခွင့်အရေးကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ် ။ ဒါဟာကျမတို့ရဲ့ဒီမိုကရေစီတာဝန်ဖြစ် တယ် ။
( အဖွဲ့ချုပ်ရုံး ၊ သထုံမြို့ ၊ ၁၄. ၁၂. ၈၈ )
တချို့ကဒီမိုကရေစီဆိုတာ…အားလုံးက ဗိုလ်ကြီး ဘဲလို့ထင်တယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာအားလုံးတန်းတူရည်တူ…လို့ပြောတာ မဟုတ်ဘူး။အားလုံးဟာတန်တူရည်တူအခွင့်အရေးရှိတယ်လို့ ပြောတာဘဲ ဖြစ်တယ်။ အားလုံးမှာရှိတဲ့ တန်းတူရည်တူအခွင့်အရေးနဲ့ အများအကျိုးဆောင်မဲ့သူတွေကို ရွေးထုတ်ပိုင်ခွင့်ဆို တာရှိတယ် ။ ဒါကိုပြောတာဘဲ ။
(အဖွဲ့ချုပ်ရုံး ၊ကျုံမငေး၊ ၁၅. ၁ .၈၉ )
ဒီမိုကရေစီအပင်ကြီးဟာ ရှင်သန်လို့ရှိရင် ဒီအပွင့်တွေအသီးတွေဟာ ကျမတို့လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ ကခံစားချင်မှ ခံစားရမယ်။ ဒါပေမဲ့ လူငယ်ပိုင်းနဲ့ ခလေးလေးတွေ ကြီးလာလို့ရှိရင် အသီးအပွင့်တွေ ခံစားနိုင်ရမယ်ဆိုရင်….ကျမတို့ကျေနပ်ပါတယ် ။ (ကမာဝက် ၊ ၁၆. ၁၂ . ၈၈ )
0 comments:
Post a Comment